Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်​အေးမြို့ကိုပြန်ထိုးစစ်ဆင်ရန်စစ်​တပ်အင်အားဖြည့်

စစ်ကောင်စီက ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော်လည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ အန္တရာယ်ကင်း​ကြောင်းအထက်ပါPDF ကဆက်ပြောသည်။

(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)
(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)

ဟုမ္မလင်းမြို့နယ် ၊ရွှေပြည်အေးမြို့တွင် စစ်​ကောင်စီတပ်ကအင်အားဖြည့်တင်းရန်အတွက်တမူး၊​ခန္တီး၊ဖောင်းပြင်မြို့ အခြေစိုက်စစ်ကောင်စီတပ်ရင်းများကို ပို့ဆောင်ထား၍ ​ရွှေပြည်​အေးမြို့တွင်းသို့ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖေဖော်ဝါရီ ၁ရက်တွင် မြို့သိမ်းတိုက်ပွဲဆင်နွဲခဲ့သည်။ စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့များ အထိနာပြီး​နောက် ​စစ်​ကောင်စီတပ်ကလေ​ကြောင်းမှတိုက်ခိုက်ခဲ့သည်။

(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)
(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)

​ဖေ​ဖော်ဝါရီ ၃ရက်တွင် စစ်ကောင်စီတပ်မှ Mi-17 ရဟတ်ယာဥ်ကိုPDF များကပစ်ချခဲ့သည်။ယခုအခါစစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်အင်အားများစွာတိုး၍ ပြင်ဆင်နေခြင်းဖြစ်သည်။

“ရွှေပြည်အေးမြို့ကို ပြန်သိမ်းဖို့ စစ်ကြောင်ထိုးလာတယ်။ခန္တီးဘက်က ရေကြောင်းရော ကုန်းကြောင်းရောလာတယ်။ ဖောင်းပြင်ကလာတဲ့အဖွဲ့ကတော့ ရေကြောင်းကနေလာပြီး ဆာဖာမြေငှားဆိပ်ကမ်းကနေ တက်လာတယ်။ တမူးက​နေ ဆင်းလာတာကတော့ တပ်မ ၂၂ ပါတယ်” ဟု ရွှေပြည်အေးမြို့၏ဖေဖော်ဝါရီ ၇ရက်အခြေအ​နေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီက ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော်လည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ အန္တရာယ်ကင်း​ကြောင်းအထက်ပါPDF ကဆက်ပြောသည်။

​ဖေ​ဖော်ဝါရီလဆန်းမှ စတင်ခဲ့​သောတိုက်ပွဲများ​ကြောင့်​ဒေသခံပြည်သူများမှာ​ဘေးလွတ်ရာ ထွက်​ပြေးတိမ်း​ရှောင်​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။