Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်​အေးမြို့ကိုပြန်ထိုးစစ်ဆင်ရန်စစ်​တပ်အင်အားဖြည့်

စစ်ကောင်စီက ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော်လည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ အန္တရာယ်ကင်း​ကြောင်းအထက်ပါPDF ကဆက်ပြောသည်။

(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)
(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)

ဟုမ္မလင်းမြို့နယ် ၊ရွှေပြည်အေးမြို့တွင် စစ်​ကောင်စီတပ်ကအင်အားဖြည့်တင်းရန်အတွက်တမူး၊​ခန္တီး၊ဖောင်းပြင်မြို့ အခြေစိုက်စစ်ကောင်စီတပ်ရင်းများကို ပို့ဆောင်ထား၍ ​ရွှေပြည်​အေးမြို့တွင်းသို့ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖေဖော်ဝါရီ ၁ရက်တွင် မြို့သိမ်းတိုက်ပွဲဆင်နွဲခဲ့သည်။ စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့များ အထိနာပြီး​နောက် ​စစ်​ကောင်စီတပ်ကလေ​ကြောင်းမှတိုက်ခိုက်ခဲ့သည်။

(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)
(​ရွှေပြည်​အေးမြို့ကို Google Earth မှမြင်​တွေ့ရမှု နှင့် မြို့တစ်​နေရာ။ဓါတ်ပုံ-CJ)

​ဖေ​ဖော်ဝါရီ ၃ရက်တွင် စစ်ကောင်စီတပ်မှ Mi-17 ရဟတ်ယာဥ်ကိုPDF များကပစ်ချခဲ့သည်။ယခုအခါစစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်အင်အားများစွာတိုး၍ ပြင်ဆင်နေခြင်းဖြစ်သည်။

“ ရွှေပြည်အေးမြို့ကို ပြန်သိမ်းဖို့ စစ်ကြောင်ထိုးလာတယ်။ခန္တီးဘက်က ရေကြောင်းရော ကုန်းကြောင်းရောလာတယ်။ ဖောင်းပြင်ကလာတဲ့အဖွဲ့ကတော့ ရေကြောင်းကနေလာပြီး ဆာဖာမြေငှားဆိပ်ကမ်းကနေ တက်လာတယ်။ တမူးက​နေ ဆင်းလာတာကတော့ တပ်မ ၂၂ ပါတယ်” ဟု ရွှေပြည်အေးမြို့၏ဖေဖော်ဝါရီ ၇ရက်အခြေအ​နေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီက ထိုးစစ်ဆင်ရန် ပြင်ဆင်နေသော်လည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များ အန္တရာယ်ကင်း​ကြောင်းအထက်ပါPDF ကဆက်ပြောသည်။

​ဖေ​ဖော်ဝါရီလဆန်းမှ စတင်ခဲ့​သောတိုက်ပွဲများ​ကြောင့်​ဒေသခံပြည်သူများမှာ​ဘေးလွတ်ရာ ထွက်​ပြေးတိမ်း​ရှောင်​နေကြသည်။

You May Also Like

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။