Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် PDFအဖွဲ့အယောင်ဆောင်ကာ ခြိမ်းခြောက်စာများပို့ပြီး ငွေကျပ်သုံးသိန်းစီတောင်းခံနေ

မတ္တရာမြို့ပေါ်ရှိ စျေးဆိုင်များအား မြေလတ်သံ PDF အဖွဲ့ဟုဆိုကာ ပစ်စာများပစ်ပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

(​PDF အ​ယောင်​ဆောင်ကာ​​ပေးပို့​သောခြိမ်းခြောက်စာအား တွေ့ရစဥ် ။ ဓာတ်ပုံ-ပေးပို့)
(​PDF အ​ယောင်​ဆောင်ကာ​​ပေးပို့​သောခြိမ်းခြောက်စာအား တွေ့ရစဥ် ။ ဓာတ်ပုံ-ပေးပို့)

“ပြည်သူတွေအနေနဲ့ စိုးရိမ်ဖို့မလိုဘူး။ ငွေလွှဲစရာလည်းမလိုဘူး။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒါတွေကိုဖြေရှင်းနိုင်အောင် ကြိုးစားနေတယ်” -မတ္တရာပကဖတာဝန်ရှိသူ

မန္တလေးတိုင်း၊ မတ္တရာမြို့ရှိ စျေးဆိုင်များအား PDFအဖွဲ့အယောင်ဆောင်ကာ ခြိမ်းခြောက်စာများပို့ပြီး ငွေကျပ်သုံးသိန်းစီ တောင်းခံနေကြောင်း ဒေသခံများကပြောသည်။

မတ္တရာမြို့ပေါ်ရှိ စျေးဆိုင်များအား မြေလတ်သံ PDF အဖွဲ့ဟုဆိုကာ ပစ်စာများပစ်ပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

ထိုပစ်စာထဲတွင် မဟာမိတ်စုပေါင်းရေးတပ်၊ တိုင်းရင်းသားလက်နက်ကိုင်အားလုံးနှင့် ကချင်အဖွဲ့အစည်း၊ မိုးမိတ်ရှမ်းလက်နက်ကိုင်၊ ပလောင်လက်နက်ကိုင်အဖွဲ့၊ လီဆူးစုပေါင်းရေးတပ်၊ မြို့ခံနယ်ခံရွာခံစုပေါင်းပြီး ငွေကြေးတက်နိုင်သည့်အိမ်များကို အလှူခံရခြင်းဖြစ်ကြောင်း၊ အလှူငွေ ၃ သိန်းကျပ်ကို ဖုန်းနံပါတ် ၀၉၈၉၉၈၈၃၁၂၁သို့ လွှဲပေးရန်နှင့် မပေးပါ​က နေအိမ်နှင့်ဆိုင်များကို ဒလန်ရှင်းလင်းရေးအဖွဲ့က အသံတိတ်သေနတ်ဖြင့်သုတ်သင်ရှင်းလင်းခြင်း၊ မိုင်းခွဲခြင်းများ ပြုလုပ်သွားမည်ဟု ​ခြိမ်းခြောက်ရေးသားထားသည်။

(​PDF အ​ယောင်​ဆောင်ကာ​​ပေးပို့​သောခြိမ်းခြောက်စာအား တွေ့ရစဥ် ။ ဓာတ်ပုံ-ပေးပို့)
(​PDF အ​ယောင်​ဆောင်ကာ​​ပေးပို့​သောခြိမ်းခြောက်စာအား တွေ့ရစဥ် ။ ဓာတ်ပုံ-ပေးပို့)

ခြိမ်းခြောက်သည့်စာထဲတွင် ဖောက်ခွဲရေး မြေလတ်သံပူးပေါင်းရေး PDF အဖွဲ့၊ ကောင်းကင်ရံဒရုန်းစကြာအဖွဲ့၊ မလွတ်တမ်းမိုင်းခွဲဒင်ကြီးစသည့် အဖွဲ့အမည်များဖြင့် ငွေတောင်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုအဖွဲ့များအား နာမည်ပင်မကြားဖူးဘဲမည်သည့်​စစ်ဆင်ရေးမှလည်း မရှိကြောင်း၊ လွန်ခဲ့သောနှစ်လခန့်ကလည်း ကျောက်တံတားကျေးရွာက ပြည်သူတစ်ဦးထံ ပစ်စာပေးခြိမ်းခြောက်ခဲ့ဖူးကြောင်း၊ ပြည်သူကတိုင်ကြားသည့်အတွက် စစ်ဆေးခဲ့ပြီး စာတွင်ပါသည့်ဖုန်းနံပါတ်ကိုဆက်သွယ်သောအခါ မြေလတ်သံLocal PDF၏ တာဝန်ရှိသူက အဖွဲ့ဝင်ကလေးများ နားမလည်၍ ပို့ခဲ့ခြင်းဖြစ်ပြီးနောင်မဖြစ်​စေရန်လုပ်ဆောင်မည်ဟုတောင်းပန်သွားကြောင်း မတ္တရာပကဖတာဝန်ရှိသူကပြောသည်။

“အခုဒီရက်ပိုင်းမှာပဲ မတ္တရာမြို့ပေါ်မှာရှိတဲ့စျေးဆိုင်တွေ လေးဆိုင်ကိုပစ်စာတွေထပ်ပစ်တယ်။ ဒီလက်ရေးပဲ။ ဒီစာပဲ။ အရင်တခါရတာလည်းဒီလက်ရေးပဲ ဒီစာပဲ။ အရင်ကခရိုင်အဆင့်၊ တိုင်းအဆင့် တိုင်ကြားထားတာရှိတယ်။ သို့သော်အရေးယူမှုမလာသေးဘူး။ ပြည်သူတွေဆီကိုတော့ ဒီပစ်စာထပ်ရောက်ဦးမယ့်သဘောရှိတယ်။”ဟု မတ္တရာပကဖတာဝန်ရှိသူက ပြောသည်။

“ပြည်သူတွေအနေနဲ့ စိုးရိမ်ဖို့မလိုဘူး။ ငွေလွှဲစရာလည်းမလိုဘူး။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒါတွေကိုဖြေရှင်းနိုင်အောင် ကြိုးစားနေတယ်။ သူတို့အဖွဲ့အနေနဲ့ ငွေရဖို့သက်သက် အချောင်နှိုက်တဲ့အဖွဲ့ပါပဲ။ ပစ်စာပစ်တာပဲရှိတယ်။ သူတို့စာထဲကအတိုင်း ခြိမ်းခြောက်ဆောင်ရွက်တာမျိူး မရှိပါဘူး။ ငွေရလိုရငြားလုပ်တယ်လို့ ယူဆတယ်။”ဟု မတ္တရာပကဖတာဝန်ရှိသူကပြောသည်။

(​PDF အ​ယောင်​ဆောင်ကာ​​ပေးပို့​သောခြိမ်းခြောက်စာအား တွေ့ရစဥ် ။ ဓာတ်ပုံ-ပေးပို့)
(​PDF အ​ယောင်​ဆောင်ကာ​​ပေးပို့​သောခြိမ်းခြောက်စာအား တွေ့ရစဥ် ။ ဓာတ်ပုံ-ပေးပို့)

PDFအဖွဲ့ဆိုပါကလည်း ယခုလိုအပြုအမူမျိုး လုပ်ဆောင်နေခြင်းကို အပြင်းအထန်ကန့်ကွက်ကြောင်း မတ္တရာပကဖတာဝန်ရှိသူကပြောသည်။

နယ်ဒေသအသီးသီးတွင် တော်လှန်ရေးအင်အားစုများများပြားနေခြင်းကို အခွင့်ကောင်းယူကာ မသမာသူများက PDFအဖွဲ့အယောင်ဆောင်၍ ခြိမ်းခြောက်ငွေတောင်းမှုများ ရှိနေသည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာဘက်တွင်လည်း ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ဒေသခံများထံဖုန်းဆက်ပြီး PDFအဖွဲ့ဟုဆိုကာ ငွေကြေးတောင်းခံမှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။