Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် PDF ၅ ဦးနှင့် ပြည်သူ ၂ ဦးစစ်​ကောင်စီတပ်၏ဖမ်းဆီးသတ်ဖြတ်မှုခံရ

ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

(ကျဆုံးခဲ့သော ရဲဘော်နှင့်ပြည်သူများအားမီးသင်​ဂြိုလ်နေစဥ်။ဓာတ်ပုံ-Toe Wai Aung Facebook)
(ကျဆုံးခဲ့သော ရဲဘော်နှင့်ပြည်သူများအားမီးသင်​ဂြိုလ်နေစဥ်။ဓာတ်ပုံ-Toe Wai Aung Facebook)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က PDF ရဲဘော် ၅ ဦးနှင့် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။

ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်နေ့ )နံနက် ၁၁ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ငွေသာကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ရန် သွားရောက်ခဲ့ကြောင်း၊ ထိုအချိန် စစ်ကောင်စီတပ် ကင်းပုန်းနှင့် ထိပ်တိုက်တွေ့ပြီး PDF ရဲဘော် ၄ ဦးနှင့် ရပ်ရွာကာကွယ်ရေး တပ်ဖွဲ့ ၁ ဦးတို့ ကျဆုံးခဲ့ပြီး ပြည်သူ ၂ ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။

“မနက် (၁၁)နာရီဝန်းကျင်မှာ သတင်းစကြားရပြီ ရဲဘော်(၇)ယောက် ကျတယ်။ ကား(၃)စီးကျန်ခဲ့တယ်။ ရဲ‌ဘော်တွေကို ကားပေါ်မှာ မီးတင်ရှို့နေပြီလို့ သိလိုက်ရတယ်။(စကစ)တွေ ပုလဲမြို့ပေါ်ဝင်ပြီသိတာနဲ့ ကျဆုံးရဲဘော်တွေရှိတဲ့‌နေရာဆီ ‌ထွက်လာခဲ့မိတာပဲ။”ဟု ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ကိုတိုးဝေအောင်က လူမှုကွန်ရက်တွင် ရေးသားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ထံဆက်သွယ်မေးမြန်းထား​သော်လည်းပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီလ ၉ ရက်နေ့က ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များက ငွေသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။