Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ရုံးခန်းဖွင့်ပွဲ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်

NUG အစိုးရ ဟာ ကိုယ်စားလှယ်ရုံးတွေကို အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊သြစတြေးလျ ၊ နော်ဝေ၊ချက်သမ္မတနိုင်ငံ၊ဂျပန် နဲ့ တောင်ကိုရီးယား တို့မှာ ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။

NUG ရုံးခန်းဖွင့်ပွဲ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်
NUG ရုံးခန်းဖွင့်ပွဲ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်

အိမ်ဖြူတော် ရုံးစိုက်ရာ ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ထားတဲ့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရုံးခန်းဖွင့်ပွဲကို မနေ့က ပြုလုပ်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့တာတွေ့ရပါတယ်။

အဲဒီရုံးခန်းကိုပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ဖွင့်ထားပေမယ့် မနေ့က မှ အခမ်းအနားနဲ့ ဖွင့်လှစ်တာလို့သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ကလည်း NUG ရုံးခန်းဖွင့်ပွဲကို တက်ရောက် စကားပြောခွင့်ရတာ ဂုဏ်ယူကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

မြန်မာလူထုရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုမှာ အမေရိကန် ပြည်ထောင်စုဟာ ခိုင်ခိုင်မာမာ ရပ်တည်ပေးသွားတယ်လို့လည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆိုပါတယ်။

Public Service Announcement

Public Service Announcement

NUG အစိုးရ ဟာ ကိုယ်စားလှယ်ရုံးတွေကို အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊သြစတြေးလျ ၊ နော်ဝေ၊ချက်သမ္မတနိုင်ငံ၊ဂျပန် နဲ့ တောင်ကိုရီးယား တို့မှာ ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။