Connect with us

Hi, what are you looking for?

သတင်း

NUG ရုံးခန်းဖွင့်ပွဲ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်

NUG အစိုးရ ဟာ ကိုယ်စားလှယ်ရုံးတွေကို အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊သြစတြေးလျ ၊ နော်ဝေ၊ချက်သမ္မတနိုင်ငံ၊ဂျပန် နဲ့ တောင်ကိုရီးယား တို့မှာ ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။

NUG ရုံးခန်းဖွင့်ပွဲ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်
NUG ရုံးခန်းဖွင့်ပွဲ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်

အိမ်ဖြူတော် ရုံးစိုက်ရာ ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ထားတဲ့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရုံးခန်းဖွင့်ပွဲကို မနေ့က ပြုလုပ်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့တာတွေ့ရပါတယ်။

အဲဒီရုံးခန်းကိုပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ဖွင့်ထားပေမယ့် မနေ့က မှ အခမ်းအနားနဲ့ ဖွင့်လှစ်တာလို့သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya ကလည်း NUG ရုံးခန်းဖွင့်ပွဲကို တက်ရောက် စကားပြောခွင့်ရတာ ဂုဏ်ယူကြောင်း တွစ်တာမှာ ရေးသားထားပါတယ်။

မြန်မာလူထုရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုမှာ အမေရိကန် ပြည်ထောင်စုဟာ ခိုင်ခိုင်မာမာ ရပ်တည်ပေးသွားတယ်လို့လည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆိုပါတယ်။

Public Service Announcement

Public Service Announcement

NUG အစိုးရ ဟာ ကိုယ်စားလှယ်ရုံးတွေကို အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊သြစတြေးလျ ၊ နော်ဝေ၊ချက်သမ္မတနိုင်ငံ၊ဂျပန် နဲ့ တောင်ကိုရီးယား တို့မှာ ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်