Connect with us

Hi, what are you looking for?

သတင်း

မြန်မာအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ အမေရိကန်ထပ်မံထောက်ပံ့

ယခုထောက်ပံ့မှုတွင် လစဉ်စားနပ်ရိက္ခာခွဲတမ်းများပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်ခြင်းများ ပါဝင်သည်ဟု ထုတ်ပြန်သည်။

(လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ် ကုလက လုပ်ငန်းများဆောင်ရွက်နေသည်ကို ၂၀၂၂ ဩဂုတ်အတွင်းက တွေ့ရစဉ်၊ ဓာတ်ပုံ - Ocha Myanmar)
(လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ် ကုလက လုပ်ငန်းများဆောင်ရွက်နေသည်ကို ၂၀၂၂ ဩဂုတ်အတွင်းက တွေ့ရစဉ်၊ ဓာတ်ပုံ - Ocha Myanmar)

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ အသစ်ထပ်မံထောက်ပံ့ကြောင်း အမေရိကန်က ယမန်နေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် တိုးမြင့်လာသည့်နေရပ်စွန့်ခွာရမှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် စားနပ်ရိက္ခာပိုမိုရှားပါးလာမှုများက ရှိရင်းစွဲလိုအပ်ချက်များနှင့်ပေါင်းစပ်လျက်ရှိသည့်ဒေသများအတွက်ဖြစ်ကြောင်း ဖော်ပြသည်။

လူသားချင်းဆိုင်ရာအကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များအတွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှတဆင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အသစ်ထပ်မံထောက်ပံ့သွားမည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ကမ္ဘာ့ကုလသမဂ္ဂမှ လတ်တလောထုတ်ပြန်ခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များအပေါ် ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၇ သန်းကျော်(လူသုံးဦးတွင် တစ်ဦးခန့်)သည် ယခု ၂၀၂၃ တွင် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များကိုလိုအပ်နေသည်။ စစ်အာဏာမသိမ်းမီ ၂၀၂၀ တွင် ယခုကဲ့သို့လိုအပ်ခဲ့သော လူဦးရေမှာ တစ်သန်းပင် မပြည့်ပေ။

Public Service Announcement

Public Service Announcement

အမေရိကန်၏ ယခုထောက်ပံ့မှုဖြင့် USAID သည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့်အတူ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ပြည်နယ်များမှ လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အာဟာရချို့တဲ့မှုကုစားရန်နှင့် ကာကွယ်ရန် ကူညီနိုင်မည်ဟု သိရသည်။

ယခုထောက်ပံ့မှုတွင် လစဉ်စားနပ်ရိက္ခာခွဲတမ်းများပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်ခြင်းများ ပါဝင်သည်ဟု ထုတ်ပြန်သည်။

အမေရိကန်သည် မြန်မာပြည်သူများအတွက် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအနာဂတ်ဆီသို့ ငြိမ်းချမ်းစွာရှေးရှုဆောင်ရွက်နေကြသူများကိုလည်း ချီးကျူးဂုဏ်ပြုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။