Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင် ယာယီနေအိမ်များအား မီးရှို့ဖျက်ဆီး

အဆိုပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၃ရက် ကလည်း ယင်းမာပင်မြို့နယ် ရေထွက်ရိုးတောတိုက်သို့ရောက်ရှိလာပြီး လူနေအိမ်၈လုံး၊ရေစက်နှင့်ဆိုင်ကယ်များ၊ ကျောင်းစာသင်ဆောင် လေးဆောင် ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်ထားသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - BTT LPDF
မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - BTT LPDF

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူ များ၏ ယာယီနေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ရက်) နံနက် ၁၁နာရီခန့်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာ တပ်စွဲထားသော စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်၊ ဂိတ်နှင့် ဂိတ်အနီးဝန်းကျင်ရှိအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စုစု‌ပေါင်းအိမ်ခြေ ရှစ်လုံးနှင့် ကင်းတဲဂိတ်အပါအ၀င် အိမ်ခြေဆယ်လုံးခန့်ဖျက်ဆီးသွားခဲ့ကြောင်း ဗိုလ်ထွန်းတောက် BTT LPDFအဖွဲ့က ထုတ်ပြန်သည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - BTT LPDF
မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – BTT LPDF

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ကင်းတဲကို ကားနှစ်စီးဖြင့် ၀င်ရောက်တိုက်ခိုက်ရာ ပြင်ဆင်ချိန်မရ၍ မိုင်းဆွဲတိုက်ခိုက်ခြင်းမပြုလုပ်နိုင်ခဲ့ကြောင်း ဗိုလ်ထွန်းတောက် BTT LPDFအဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

“လက်ရှိမှာခြုံစရာစောင်တောင်မရှိတဲ့အခြေအနေပါဗျ။ စား၀တ်နေရေးအခက်အခဲကြုံတွေ့နေရပါတယ်။”ဟု ဗိုလ်ထွန်းတောက် BTT LPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - BTT LPDF
မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – BTT LPDF

ဒေသခံတစ်ဦးကလည်း “ဘန့်ဘွေးပျူရွာကို ၁၁ ရက်နေ့က ကားနှစ်စီးနဲ့ ရောက်လာပြီး တပ်စွဲထားတာ။”ဟု ပြောသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - BTT LPDF
မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – BTT LPDF

အဆိုပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၃ရက် ကလည်း ယင်းမာပင်မြို့နယ် ရေထွက်ရိုးတောတိုက်သို့ရောက်ရှိလာပြီး လူနေအိမ်၈လုံး၊ရေစက်နှင့်ဆိုင်ကယ်များ၊ ကျောင်းစာသင်ဆောင် လေးဆောင် ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။