Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင် ယာယီနေအိမ်များအား မီးရှို့ဖျက်ဆီး

အဆိုပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၃ရက် ကလည်း ယင်းမာပင်မြို့နယ် ရေထွက်ရိုးတောတိုက်သို့ရောက်ရှိလာပြီး လူနေအိမ်၈လုံး၊ရေစက်နှင့်ဆိုင်ကယ်များ၊ ကျောင်းစာသင်ဆောင် လေးဆောင် ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်ထားသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - BTT LPDF
မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - BTT LPDF

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူ များ၏ ယာယီနေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ရက်) နံနက် ၁၁နာရီခန့်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာ တပ်စွဲထားသော စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်၊ ဂိတ်နှင့် ဂိတ်အနီးဝန်းကျင်ရှိအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စုစု‌ပေါင်းအိမ်ခြေ ရှစ်လုံးနှင့် ကင်းတဲဂိတ်အပါအ၀င် အိမ်ခြေဆယ်လုံးခန့်ဖျက်ဆီးသွားခဲ့ကြောင်း ဗိုလ်ထွန်းတောက် BTT LPDFအဖွဲ့က ထုတ်ပြန်သည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - BTT LPDF
မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – BTT LPDF

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ကင်းတဲကို ကားနှစ်စီးဖြင့် ၀င်ရောက်တိုက်ခိုက်ရာ ပြင်ဆင်ချိန်မရ၍ မိုင်းဆွဲတိုက်ခိုက်ခြင်းမပြုလုပ်နိုင်ခဲ့ကြောင်း ဗိုလ်ထွန်းတောက် BTT LPDFအဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

“လက်ရှိမှာခြုံစရာစောင်တောင်မရှိတဲ့အခြေအနေပါဗျ။ စား၀တ်နေရေးအခက်အခဲကြုံတွေ့နေရပါတယ်။”ဟု ဗိုလ်ထွန်းတောက် BTT LPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - BTT LPDF
မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – BTT LPDF

ဒေသခံတစ်ဦးကလည်း “ဘန့်ဘွေးပျူရွာကို ၁၁ ရက်နေ့က ကားနှစ်စီးနဲ့ ရောက်လာပြီး တပ်စွဲထားတာ။”ဟု ပြောသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - BTT LPDF
မီးရှို့ဖျက်ဆီးခံခဲ့ရသော စစ်ဘေးရှောင်နေအိမ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – BTT LPDF

အဆိုပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၃ရက် ကလည်း ယင်းမာပင်မြို့နယ် ရေထွက်ရိုးတောတိုက်သို့ရောက်ရှိလာပြီး လူနေအိမ်၈လုံး၊ရေစက်နှင့်ဆိုင်ကယ်များ၊ ကျောင်းစာသင်ဆောင် လေးဆောင် ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။