Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့နယ် တုံးဗျောကြီးရွာတိုက်ပွဲ စစ်ကောင်စီတပ်သားတစ်ဦးသေ၊ လက်နက်တစ်လက်ရဟု PDF ပြော

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကူရောက်လာခြင်းကြောင့် ပြန်လည်ဆုတ်ခွာလာရခြင်းဖြစ်သည်ဟု အထက်ပါ ရဲဘော်က ပြောသည်။

တိုက်ပွဲဖြစ်ပွားသော ကျေးရွာနှင့် သိမ်းဆည်းရမိသော လက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
တိုက်ပွဲဖြစ်ပွားသော ကျေးရွာနှင့် သိမ်းဆည်းရမိသော လက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာ လမ်းဆုံရှိ စစ်ကောင်စီကင်းစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ယနေ့ နံနက် ၆နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ပြောက်ကျားနည်းဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီးအပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိသည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါကင်းစခန်းသည် မြိတ်-တနင်္သာရီလမ်းပိုင်းတွင်တည်ရှိပြီး ခလရ (၁၀၁)စစ်သားများနှင့် ပျူစောထီးအဖွဲ့ ၂၀ခန့်ပါဝင်ကာ စုပေါင်းတပ်စွဲထားသည့် စခန်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားသော ကျေးရွာနှင့် သိမ်းဆည်းရမိသော လက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
တိုက်ပွဲဖြစ်ပွားသော ကျေးရွာနှင့် သိမ်းဆည်းရမိသော လက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ – CJ

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကူရောက်လာခြင်းကြောင့် ပြန်လည်ဆုတ်ခွာလာရခြင်းဖြစ်သည်ဟု အထက်ပါ ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရမိသည့် လက်နက်မှာ MA1အမျိုးအစားဖြစ်သည်။

“PDFတွေက မဟာမိတ်ပုံစံစုပေါင်းတိုက်ခိုက်ခဲ့ပါ”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ S.W.D.Fတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း-၂၊ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။