Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်ရှိ ခလရ(၂၆၉)မှ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာ

စစ်ကောင်စီတပ်သားနှစ်ဦးသည် MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄တောင့် ၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး လေးလုံးနှင့် (၆၀)မမ ဗုံးသီး သုံးခုတို့ကို CDF-ဟားခါးထံ အပ်နှံခဲ့သည်။

ဓာတ်ပုံ - CDF ဟားခါး
ဓာတ်ပုံ - CDF ဟားခါး

ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ တပ်သား နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ဟားခါးချင်းကာကွယ်ရေးတပ်(CDF)က ချင်းဘာသာဖြင့် ယမန်နေ့ ညပိုင်း၌ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားနှစ်ဦးသည် MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄တောင့် ၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး လေးလုံးနှင့် (၆၀)မမ ဗုံးသီး သုံးခုတို့ကို CDF-ဟားခါးထံ အပ်နှံခဲ့သည်။

ဓာတ်ပုံ - CDF ဟားခါး
ဓာတ်ပုံ – CDF ဟားခါး

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးကို ကျပ်သိန်း ၃၀ စီ ဆုငွေပေးအပ်ပြီး လုံခြုံသည့် နေရာသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ကြောင်း ဟားခါး CDF၏ ချင်းဘာသာဖြင့် ထုတ်ပြန်ချက်ကို The Chin Journalက ဗမာဘာသာဖြင့် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဟားခါး အခြေစိုက် ခလရ(၂၆၆) တပ်မှ စစ်ကောင်စီတပ်သား ၂ဦးသည် CDF ဆဲန်ထန်ထံသို့ လက်နက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း CDF ဆဲန်ထန်က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း ချင်းပြည်နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ တပ်ဖွဲ့ဝင်များ လက်နက်များနှင့်အတူ အလင်းဝင်ရောက်မှု မကြာခဏ ရှိခဲ့သည်။

ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်များကို ချင်းပူးပေါင်းတပ်ဖွဲ့များက ယခုလ အတွင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာဖေဖော်ဝါရီ ၁ရက်တွင် စစ်ကောင်စီတပ်သားနှင့် ရဲ ၆ဦးကို လက်နက်များနှင့်အတူ ဖမ်းမိခဲ့သည်။ ဖေဖော်ဝါရီ ၉ရက်တွင်လည်း ထန်တလန် ရဲစခန်းနှင့် ထွေအုပ်ရုံးကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြီး ရဲစခန်း မှ လက်နက် ၄၂လက်ကို သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ