Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရာအိမ်မှူးပစ်သတ်ခံရပြီးနောက် ဒေသခံအချို့ ဖမ်းဆီးခံရ

ပစ်သတ်ခံရသူ ဟာ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်ရဲ့ ရာအိမ်မှူးဖြစ်သူ အသက် ၄၀ အရွယ် ဦးဇော်ဝင်းထွန်းဖြစ်ပါတယ်။

အာဏာသိမ်းစက မန္တလေးမှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့
အာဏာသိမ်းစက မန္တလေးမှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့

မန္တလေးမှာ ပြီးခဲ့တဲ့သောကြာနေ့က ရာအိမ်မှူး တစ်ဦး ပစ်သတ်ခံရပြီးနောက် အရပ်သားအချို့ ဆက်တိုက်ဖမ်းဆီးခံရတာတွေရှိနေပါတယ်။

ပစ်သတ်ခံရသူ ဟာ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက်ရဲ့ ရာအိမ်မှူးဖြစ်သူ အသက် ၄၀ အရွယ် ဦးဇော်ဝင်းထွန်းဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကို အောင်စည်တော် မန္တလေးဆိုတဲ့အဖွဲ့က လုပ်ဆောင်တာလို့ ကြေညာထားပြီး ပစ်ခတ်မှု ရုပ်သံမှတ်တမ်းကိုအဲဒီအဖွဲ့ရဲ့ အမှတ်အသားတံဆိပ်နောက်ခံနဲ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ရုပ်သံဖိုင်ထဲမှာ ဆိုင်ကယ်စီးလာတဲ့ ရာအိမ်မှူးကို ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက ဘေးချင်းကပ်ပြီး ပစ်ခတ်သွားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပစ်ခတ်မှုဟာ ၇၉ လမ်းနဲ့ ၄၆ လမ်းထောင့်၊ ဘုရားကြီးအရှေ့ဘက်မုခ်အနီး မှာ ဖြစ်တာဖြစ်ပြီး နောက်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်မနက်ပိုင်းမှာ ၇၈ လမ်း၊ ၄၆ လမ်းနားက နေအိမ်တစ်လုံးဆီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာပြီးအမျိုးသမီး ၂ ဦးကိုဖမ်းဆီးသွားတယ်လို့စုံစမ်းသိရပါတယ်။

ဒါအပြင် ၂ရက်အကြာ ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းမှာလည်း ၈၁လမ်းနဲ့၈၂လမ်းကြား၊၄၄လမ်းပေါ်ရှိ ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်အမျိုးသားကို အရပ်ဝတ်နဲ့ရောက်လာသူတွေက သေနတ် ပစ်ဖောက်ပြီး ဖမ်းသွားပါသေးတယ်။

ဖမ်းခံရတဲ့ ဆိုင်ပိုင်ရှင်အမျိုးသားသေဆုံးသွားတယ်လို့သတင်းထွက်လာပေမယ့် အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက်

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။