Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ် မီးရှို့၍ သုံးရက်အတွင်း အိမ်ခြေ ၂၅၀ခန့် ပျက်စီး

ဖေဖော်ဝါရီ ၁၉ ရက်တွင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအား စစ်ကောင်စီတပ်မှ အင်အား ၈၀ခန့်ဖြင့် မီးရှို့ခဲ့ရာ နေအိမ် ၂၁၈လုံး မီးလောင် ပျက်စီးခဲ့သည်ဟု မြေပြင်သတင်းပေးပို့ချက်ရရှိကြောင်း ဖော်ပြသည်။

မြေမွန်အား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
မြေမွန်အား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့၍ ရက်ပိုင်းအတွင်း ဒေသခံ ပြည်သူလူထုများ၏ နေအိမ် ၂၅၀ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအား စစ်ကောင်စီတပ်မှ အင်အား ၈၀ခန့်ဖြင့် မီးရှို့ခဲ့ရာ နေအိမ် ၂၁၈လုံး မီးလောင် ပျက်စီးခဲ့သည်ဟု မြေပြင်သတင်းပေးပို့ချက်ရရှိကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် ယမန်နေ့ တွင်လည်း တရော်ကိုင်းရွာသို့ ဝင်ရောက်ရာ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ နေအိမ် တစ်လုံး ပျက်စီးခဲ့ကြောင်း၊ နောက်ထပ်နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)တွင်လည်း ကျွန်းလှမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံပျူများက ကန့်ဘလူမြို့နယ် ချောင်းကြားရွာအား တတိယအကြိမ် ဝင်ရောက်ပြီး မီးရှို့ခဲ့ရာ နေအိမ် ၂၈လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါရွာကို စစ်ကောင်စီတပ်က သုံးကြိမ်မီးရှို့ခဲ့ရာ နေအိမ် ၅၉လုံးပျက်စီးခဲ့ကြောင်း ဖော်ပြ သည်။

ဖေဖော်ဝါရီ ၁၉ရက်မှ ၂၁ရက်အတွင်း စစ်ကောင်စီတပ်မီးရှို့၍ ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်မှ ပြည်သူလူထုနေအိမ် ၂၄၈လုံး မီးလောင်ပျက်စီးခဲ့ကြောင်းကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ခဲ့ပြီး မြေမွန်ကျေးရွာမှ မီးလောင်ပျက်ဆီးဆုံးရှုံး မှတ်တမ်းဓာတ်ပုံများကို ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။