Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်တွင် CDM သူနာပြုတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မီးရှို့အလောင်းဖျောက်

စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလို၍ ပြည်သူနှင့်ပူးပေါင်းကာ သူနာပြုဆရာမအဖြစ်မှ CDM ပြုလုပ်ခဲ့သော မမေဇွန်မိုးသည် အုတ်ဖိုမြို့နယ်သူတစ်ဦးဖြစ်ပြီး ၎င်း၏အမျိုးသားမှာလည်း စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းကို ခံထားရသည်။

(CDM သူနာပြုဆရာမမမေဇွန်မိုး)
(CDM သူနာပြုဆရာမမမေဇွန်မိုး)

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် CDM သူနာပြုဆရာမတစ်ဦးကို စစ်ကောင်စီတပ်က မတရားဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

ပြီးခဲ့သည့် နှစ်ပတ်ခန့် ဖေဖော်ဝါရီလဆန်းပိုင်းက အုတ်ဖိုမြို့နယ် တိမ်မြုတ်ကျေးရွာအနီး စစ်ကောင်စီတပ်၏ ခလရ (၆)စစ်ဆေးရေးဂိတ်အား တော်လှန်ရေးရဲဘော်လေးဦး အရပ်ဝတ်ဖြင့်ဖြတ်သန်းစဥ် ရဲဘော်နှစ်ဦးပစ်သတ်ခံရပြီး နှစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လွတ်မြောက်သူနှစ်ဦးမှာ CDM သူနာပြုဆရာမမမေဇွန်မိုးနှင့် ရဲဘော်တစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးတွင် မမေဇွန်မိုးသည် ထွက်ပြေးလာရာမှ ကျေးရွာတစ်ရွာသို့အရောက်တွင် ရွာခံတစ်ဦး၏ သတင်းပေးဒလန်လုပ်မှုကြောင့် ဖမ်းဆီးခံလိုက်ရသည်။

“နှစ်ယောက်က အဖမ်းခံရတဲ့နေရာမှာတင် ပစ်သတ်ခံလိုက်ရတာ။ အဲ့ညီမလေးက ထွက်ပြေးသွားတာကို ရွာအစွန်ဘက်တောထဲမှာနေတဲ့ကောင်က ကောင်မလေးက ရေသောက်ချင်လို့ရေတောင်းတာကို ရွာထဲပြန်ခေါ်လာပြီး တပ်ကိုအကြောင်းကြားလိုက်တာ။ အဲဒါကြောင့် အဖမ်းခံလိုက်ရတာ”ဟု အုတ်ဖို့မြို့နယ်မှ ဒေသခံတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

ထိုသို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသော မမေဇွန်မိုးမှာ အသက် (၂၈)ခန့်ရှိပြီဖြစ်ပြီး သတ်ဖြတ်၊ မီးရှို့ခံထားရသော ၎င်း၏ရုပ်အလောင်းအား အုတ်ဖို့မြို့နယ် ထန်းပင်ကုန်းရွာအနီး စွန့်ပစ်ထားသည်ကို ဖေဖော်ဝါရီ ၁၆ ရက်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုမြို့နယ်မှတာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

“နှစ်ပတ်လောက်ရှိပြီ။ ဖမ်းသွားပြီး ကြားထဲကြာသေးတယ်။ ပြီးခဲ့တဲ့ ၃ ရက်လောက်ကမှ ပြန်ခေါ်လာပြီး လမ်းပြခိုင်းတာ။ အသွားတုန်းကတော့ရွာသားတွေပါမြင်လိုက်ရတယ်။အပြန်ကျတော့ ပါမလာတော့ဘူး”ဟု မမေဇွန်မိုးအားစစ်တပ်ကလမ်းပြလုပ်ခိုင်းကာ သတ် ဖြတ်ခဲ့ပုံကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုမြို့နယ်မှ တာဝန်ရှိသူက ရှင်းပြသည်။

မမေဇွန်မိုးနှင့်အတူ စစ်ကောင်စီတပ် ခလရ (၆)စစ်ဆေးရေးဂိတ်အားဖြတ်စဥ် စစ်ကောင်စီတပ်သားများ ပစ်ခတ်ဖမ်းဆီး၍ ကျဆုံးသွားသောရဲဘော်နှစ်ဦးမှာ ရဲဘော်သေ မင်းတမန်နှင့် ရဲဘော်သိန်းငှက်တို့ဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် စစ်တပ်ဂိတ်အနီး၌ပင် ကျဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလို၍ ပြည်သူနှင့်ပူးပေါင်းကာ သူနာပြုဆရာမအဖြစ်မှ CDM ပြုလုပ်ခဲ့သော မမေဇွန်မိုးသည် အုတ်ဖိုမြို့နယ်သူတစ်ဦးဖြစ်ပြီး ၎င်း၏အမျိုးသားမှာလည်း စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းကို ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို