Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကပစ်သည့်လက်နက်ကြီးကျည်ထိပြီး အဆောက်အအုံနှစ်လုံးမီးလောင်ကာပြည်သူ ၃ဦးဒဏ်ရာရ

ယနေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၄၀ ခန့်က ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာအတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်ဘက်အခြမ်းမှ ညောင်ပင်ကြီး ရွာသစ်ရှိ ဆန်စက်တစ်လုံးနှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချိုကို ကရင်ပြည်နယ်တွင်၂၀၂၁ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချိုကို ကရင်ပြည်နယ်တွင်၂၀၂၁ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎ဒဏ်ရာရအမျိုးသမီးတစ်ဦးမှာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး၏ သမီးဖြစ်

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင် ကျေးရွာများအား ဝင်ရောက်လုယက်သောင်းကျန်းနေသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပြီး အဆောက်အအုံနှစ်လုံးမီးလောင်းဆုံးရှုံးကာ အမျိုးသမီးသုံးဦးထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၄၀ ခန့်က ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာအတွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်ဘက်အခြမ်းမှ ညောင်ပင်ကြီး ရွာသစ်ရှိ ဆန်စက်တစ်လုံးနှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဆန်စက်နေအိမ်သို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲစဥ် ၎င်းနေရာသို့ အလယ်အပတ်ရောက်ရှိနေသော ကြံ့ခိုင်ရေးပါတီဝင် ဦးပန်းကျော်၏သမီးဖြစ်သူမှာလက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဒေသ ခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“(ဆန်စက်ပေါ်သို့) လက်နက်ကြီးကျပြီး အိမ်ပါမီး လောင်သွားတာ။ ဦးပန်းကျော်ရဲ့သမီးက ပဲနှုတ်ရင်း အဲဒီအိမ် ခဏဝင်နားတာထင်တယ်။ လက်နက်ကြီးထိပြီး ပဲခူးဆေးရုံပို့လိုက်ရတယ်”ဟု ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လက်နက်ကြီးကျရောက်ပွဲကွဲကာဆန်စက်နှင့် နေအိမ်မီးလောင်သည့်ဖြစ်စဥ်တွင်အခြားရွာခံနှစ်ဦးလည်း ထိခိုက်ဒဏ်ရာများရခဲ့ပြီး ၎င်းတို့နှစ်ဦးကို တော် လှန်ရေးတပ်ဖွဲ့များဖွင့်လှစ်ထားသည့်ဆေးခန်းသို့ပို့ဆောင်ကုသထားကြောင်းအထက်ပါဒေသခံက ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ ပုဇွန်မြောင်ကျေးရွာအတွင်းဝင်ရောက်တပ်စွဲထားသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် လူမရှိသည့်နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက် ထွင်းဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများအား ခိုးယူမှုရှိနေသည်ဟု ဒေသခံများက ဆိုသည်။

“ပုဇွန်မြောင်ရွာက ရွာသားတွေမရှိတော့ဘူး။ (စစ်တပ်က)အိမ်တွေဖောက်ထွင်းပြီး အနှံ့ဝင်နေတာ။ တစ်အိမ်ပြီးတစ်အိမ် ဝင်ဖောက်ထားတာလဲ ကုန်နေပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါ ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ ဖေဖော်ဝါရီ ၂၁ ရက်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှတပ်ဖွဲ့ဝင်များကသွားရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မှ (၁၀)ဦး​ခန့်သေဆုံးခဲ့သည်။

ထို့ကြောင့် အထိနာသွားသော စစ်ကောင်စီတပ်က ယင်းနေ့နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ကျေးရွာများသို့ရမ်းသမ်း ပစ်ခတ်ခဲ့ရာ အင်းဝိုင်းကြီးကျေး ရွာဘုန်းတော်ကြီးကျောင်းမှ သိမ်ကျောင်း ဆောင်ထိ ခိုက်ပျက်ဆီး သွားပြီး ထောင်လောင်ရွာမှ နေအိမ်တစ်လုံးပေါ် လက် နက်ကြီးကျည် ကျရောက်ကာ ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။