Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ်တွင် လေးရက်ကြာ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကြောင့် ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရ

ပုလဲမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သား အင်အား ၁၀၀ခန့်သည် ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ကာ ယင်းမာပင်မြို့နယ်အတွင်းသို့ ရောက်ရှိလာပြီး အထက်ငါးနန်းကျေးရွာအတွင်းသို့ သေနတ်များ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့သည်။

တာဝကျေးရွာ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်၊ ဓာတ်ပုံ-အလောင်းတော်ကဿပနယ်မြေသတင်း
တာဝကျေးရွာ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်၊ ဓာတ်ပုံ-အလောင်းတော်ကဿပနယ်မြေသတင်း

▪️အမျိုးသမီးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ၊ PDF ရဲဘော်နှစ်ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဘက်မှ ယင်းမာပင်မြို့နယ်သို့ဝင်ရောက်ပြီး လေးရက်ကြာ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကြောင့် ကျေးရွာအများအပြားမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။

ပုလဲမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သား အင်အား ၁၀၀ခန့်သည် ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ကာ ယင်းမာပင်မြို့နယ်အတွင်းသို့ ရောက်ရှိလာပြီး အထက်ငါးနန်းကျေးရွာအတွင်းသို့ သေနတ်များ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့သည်။

ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အထက်ငါးနန်းကျေးရွာနေ အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ထွက်ပြေးတဲ့အချိန် အပစ်ခံရတာပြောတယ်။ ကလေး၃ ယောက်အမေတဲ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့နောက် မောက်လုပ်ကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် ဆက်လက်ထွက်ခွာခဲ့ရာ ထိုနေ့မွန်းလွဲပိုင်းတွင် တာဝကျေးရွာအနီးသို့ ရောက်ရှိလာပြီး တောတဲတိုက်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် တာဝရွာသို့ဝင်ရောက်ရာတွင် PDF ရဲဘော်များနှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲဘော်သုံးဦးဖမ်းဆီးခံခဲ့ရကာ တစ်ဦးထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ကျန်နှစ််ဦးမှာ သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ ရက်)တွင် တာဝကျေးရွာနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၂၂လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီလ ၂၅ ရက်)မွန်းလွဲပိုင်းတွင်မူ စစ်ကောင်စီတပ်သည် ချောင်းကောက်ကျေးရွာအနီးသို့ ရောက်ရှိနေပြီး ထိုစစ်အုပ်စု၏ စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။