Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ကျေးရွာ (၁၀)ရွာမှ ဒေသခံတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်

ကံထူးမအနီးရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်မှာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း၊ တန့်ဆည် – ကံထူးမလမ်းပိုင်းကိုလည်း ယာယီပိတ်ထားသောကြောင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း သတိပေးထားသည်။

တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒေသခံပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TCRF-PLA
တန့်ဆည်မြို့နယ်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒေသခံပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - TCRF-PLA

▪️တန့်ဆည် – ကံထူးမလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထား

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ခြမ်းသို့ စစ်ကောင်စီတပ်၏ ခမရ(၃၆၁)က စစ်ကြောင်းထိုးနေ၍ ကျေးရွာ (၁၀)ရွာခန့်မှ ဒေသခံပြည် သူ တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက်က တန့်ဆည်မြို့ပေါ်မှ ခင်နုဆည်ကျေးရွာသို့ ညအိပ်တပ်စွဲခဲ့ပြီး ယမန်နေ့နံနက်ပိုင်းတွင် ချောင်းဦးရွာအနီးမှတစ်ဆင့် သပြေရင်း-သရက်ခါး – ကံထူးမကျေးရွာအထိ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ယမန်နေ့ညက ကံထူးမအနီးဝန်းကျင် ညအိပ်တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပျူတွေက စစ်ကြောင်းနှစ်ကြောင်း ပြိုင်ထိုးနေတယ်။စစ်ကြောင်းနှစ်ခုပေါင်း အင်အားက၂၅၀ ကျော် တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကံထူးမအနီးရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်မှာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း၊ တန့်ဆည် – ကံထူးမလမ်းပိုင်းကိုလည်း ယာယီပိတ်ထားသောကြောင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

တန့်ဆည်မြို့နယ်တွင် ​ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ခပေါင်းကြိုင်ရွာမှ မှန်ရင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော ခမရ(၃၆၁) နှင့် ပျူစောထီးအဖွဲ့အား တန့်ဆည်(ပကဖ)နှင့် တပ်ရင်း (၂၅) တို့က ပဒေသာမိုင်း ရှစ်လုံးတွဲဖြင့်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ငါးဦး သေဆုံးကြောင်း တန့်ဆည် (ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။