Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်တွင် ကျေးရွာများမီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်အား PDFများ တိုက်ခိုက်

တည်တောရွာ၊ မုဆိုးခြုံဘူတာရွာနှင့် အောင်ချမ်းသာရွာများရှိ အိမ်ခြေအချို့မီးရှို့ဖျက်ဆီးခံထားရပြီး အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရသည်။ ထိုစစ်ကြောင်းများကြောင့် ဝက်လက်နယ်ရှိ ရွာပေါင်း၂၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရသည်။

(မီးရှို့ခံရသောနေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-Cj)
(မီးရှို့ခံရသောနေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကျေးရွာ လေးရွာမှ နေအိမ်၁၆ဝကျော် မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းအား ဒေသတွင်း PDFများက လိုက်လံတိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဆုံးနိုင်ကြောင်း သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)အဖွဲ့က ပြောသည်။

ဝက်လက်မြို့နယ် ကျီးကန်ကျေးရွာကို မီးရှို့ခဲ့သော စစ်ကောင်စီတပ်သည် ယမန်နေ့ (မတ်လ ၃ ရက်) နံနက် ၁၁နာရီခန့်တွင် ရွှေဘို – မန္တလေးလမ်းကြောအတိုင်း တွဲကားဖြင့်မောင်းနှင်လာရာသားနားကျေးရွာနှင့် စိုင်နိုင်ကွေ့ကြားတွင် ပဒေသာမိုင်း (၅)လုံး ၁ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)အဖွဲ့က ပြောသည်။

(မီးရှို့ခံရသောနေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-Cj)
(မီးရှို့ခံရသောနေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-Cj)

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်နောက်ပိုင်းထိမှန်ခဲ့ပြီး စိုင်နိုင်ကြီးကျေးရွာဘက်သို့ မောင်းနှင်သွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် စိုင်နိုင်ကြီးကျေးရွာသို့ နံနက် ၁၁နာရီ ၁၅ မိနစ်ခန့်တွင်ရောက်လာပြီး လက်နက်ငယ်များဖြင့် ကျေးရွာတွင်း ရမ်းသမ်းပစ်ခက်ပြီး နေအိမ် ၅၆လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စိုင်နိုင်လေးကျေးရွာဘက်သို့ ခြေလျင်စစ်ကြောင်းဖြင့် ထပ်မံစစ်ကြောင်းထိုးပြီး နံနက် ၁၁ နာရီ ၄၅မိနစ်တွင် နေအိမ် ၉လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယခင်နေ့က အောင်ချမ်းသာကျေးရွာမှ နေအိမ် ၁၀၀ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် မြောက်ဘက်ရှိ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာသို့ စစ်ကြောင်းထိုးရန် ထွက်လာရာ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်တွင်စိုင်နိုင်လေးနှင့်ဘုန်းဘွဲ့ကြား၌ ပဒေသာမိုင်း (၁၂)လုံးဖြင့် သုံးပွိုင့်ခွဲ၍ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)အဖွဲ့က ပြောသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်​ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အထက်ပါအဖွဲ့က ဆိုသည်။

ထို့အပြင် (ပ.က.ဖ)ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆင်ရေးကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၊ပန်းပျိုးလက်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ (ပ.က.ဖ)၊ ဇာမဏီသွေးပြည်သူ့ကာကွယ်ရေးတပ်ခွဲ (ပ.က.ဖ)၊ နဂါးမင်းပြည်သူ့ကာကွယ်ရေးတပ်ခွဲ (ပ.က.ဖ)၊ ဒေါင်းတမာန်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(ပ.က.ဖ)၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ အောင်ဘော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

(မီးရှို့ခံရသောနေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-Cj)
(မီးရှို့ခံရသောနေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ-Cj)

အလားတူ ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ လှတောရွာ၊ ကျီးကန်တောင်ရွာမြောက်ရွာ စိုင်နိုင်ကြီး နှင့် ဘုန်းဘွဲ့ကျေးရွာများသို့ မီးရှို့၍ ရွှေဘိုသို့ ထွက်ခွာလာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ရွှေဘိုခရိုင် အမှတ် (၁၅)တပ်ရင်း Eagle Guerrilla Force တပ်ခွဲ၁နှင့် ရွှေဘိုခရိုင် အမှတ် (၁၅)တပ်ရင်း Fight For Freedom(FFF) တပ်ခွဲ(၂)တို့က ပဒေသာမိုင်းများ၊ (၉၀)မမ လေးလုံး ရော့ကပ် ၆လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Eagle Guerrilla Force အဖွဲ့က သတင်းထုတ်ပြန်သည်။

“ဝက်လက်မှာ စစ်ကြောင်းကများတယ်။ ဒီမနက် ဝက်လက်က ထွက်လာတဲ့ စစ်ကြောင်းက ရွာသာကြီးကျေးရွာဘက်ရောက်ပြီး စစ်ကြောင်းနှစ်ကြောင်းပေါင်းသွားတယ်လို့ သိရတယ်။”.ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မတ်လ၂ ရက်နှင့် ၃ ရက်များကလည်း ကျီးကန်ရွာရှိ ပကဖရဲဘော်နှင့် ဒေသခံပြည်သူ ခုနစ်ဦးအား သတ်ဖြတ်သွားခဲ့သည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၆ ရက်မှစတင်ကာ ဝက်လက်နယ်အတွင်း စစ်ကြောင်း သုံးခုခွဲကာ စစ်ကြောင်းထိုးနေသည်။

တည်တောရွာ၊ မုဆိုးခြုံဘူတာရွာနှင့် အောင်ချမ်းသာရွာများရှိ အိမ်ခြေအချို့မီးရှို့ဖျက်ဆီးခံထားရပြီး အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရသည်။ ထိုစစ်ကြောင်းများကြောင့် ဝက်လက်နယ်ရှိ ရွာပေါင်း၂၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။