Connect with us

Hi, what are you looking for?

သတင်း

သြစတြေးလျတွင်ကျင်းပမည့်အစည်းအဝေးတစ်ခု၌ စစ်ကောင်စီ ကိုယ်စားလှယ်များကို တက်ရောက်ခွင့်ပေးမည်မဟုတ်ဟု အကြောင်းပြန်

NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းရွှေက မြန်မာစစ်ကောင်စီကိုယ်စားလှယ်များကို ဘရစ္စဘိန်း၌ ပြုလုပ်မည့်အစည်းအဝေးသို့ ဖိတ်ကြားထားမှုနှင့်ပတ်သက်၍ သြစတြေးလျအစိုးရထံ တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

သြစတြေးလျတွင်ကျင်းပမည့်အစည်းအဝေးတစ်ခု၌ စစ်ကောင်စီ ကိုယ်စားလှယ်များကို တက်ရောက်ခွင့်ပေးမည်မဟုတ်ဟု အကြောင်းပြန်
သြစတြေးလျတွင်ကျင်းပမည့်အစည်းအဝေးတစ်ခု၌ စစ်ကောင်စီ ကိုယ်စားလှယ်များကို တက်ရောက်ခွင့်ပေးမည်မဟုတ်ဟု အကြောင်းပြန်

သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်း၌ ပြုလုပ်မည့် (၁၁)ကြိမ်မြောက် BirdLife Australia မိတ်ဖက်များအစည်းအဝေးသို့ စစ်ကောင်စီ၏ ကိုယ်စားလှယ်များကို တက်ရောက်ခွင့်ပေးမည်မဟုတ်ကြောင်း သိရသည်။

သြစတြေးလျ သဘာဝပတ်ဝန်းကျင်နှင့်ရေ ဝန်ကြီးဌာနက NUG ၏ သြစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ်ထံ အကြောင်းပြန်သောစာ၌ မြန်မာစစ်ကောင်စီလက်အောက်ခံ သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များကို အထက်ပါအစည်းအဝေးသို့ တက်ရောက်ခွင့်ပေးမည်မဟုတ်ကြောင်းနှင့် အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားမှုတွင်သြစတြေးလျအစိုးရ၊ BirdLife Autralia တို့မည်သို့မျှပါဝင်ပတ်သက်မှု မရှိကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းရွှေက မြန်မာစစ်ကောင်စီကိုယ်စားလှယ်များကို ဘရစ္စဘိန်း၌ ပြုလုပ်မည့်အစည်းအဝေးသို့ ဖိတ်ကြားထားမှုနှင့်ပတ်သက်၍ သြစတြေးလျအစိုးရထံ တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

ကန့်ကွက်စာကို အကြောင်းပြန်မှုတွင် သြစတြေးလျအစိုးရသည် မြန်မာနိုင်ငံအတွင်း အခြေအနေဆိုးရွားနေမှုနှင့် စစ်ကောင်စီကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများကို ဆက်လက်စိုးရိမ်ပူပန်ကြေောင််း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သြစတြေးလျအစိုးရသည် စစ်ကောင်စီ၏ လူမဆန်သောအပြုအမှုများကို ဒေသတွင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့် သဘောထားချင်းတူညီသည့် မိတ်ဖက်များနှင့်ပူးပေါင်းကာ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

သြစတြေးလျသည် ဒီမိုကရေစီမြှင့်တင်ဆောင်ရွက်နေသူများနှင့်ထိတွေ့ကာ တွေ့ဆုံဆွေးနွေးကို တွန်းအားပေးခြင်းများမှတဆင့် အပါအဝင် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် မြန်မာနိုင်ငံကို ဆက်လက်ပံ့ပိုးကူညီမည့်ကတိကဝတ်ကို ထပ်လောင်းအတည်ပြုသည်။

သြစတြေးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်များ၊ အတိုက်အခံဒီီမိုကရေစီအင်အားစုများနှင့် ပုံမှန်ထိတွေ့ဆက်ဆံ ဆွေးနွေးမှုရှိသည်ဟု အထက်ပါ အကြောင်းပြန်စာ၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဖျော်ဖြေပွဲစင်မြင့်တွေမှာ မမြင်ရတာကြာပြီဖြစ်တဲ့ အဆိုတော် မောင်‌မောင်ဇော်လတ် ပါဝင်တဲ့ ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဩဂုတ်လ ၁ ရက်ကပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်မယ့် Together for Tomorrow ဖျော်ဖြေပွဲကို ဩစတေးလျနိုင်ငံရဲ့ မြို့ သုံး မြို့မှာ ပြုလုပ်သွားမှာပါ။