Connect with us

Hi, what are you looking for?

သတင်း

ကလေးမှ ချင်းပြည်သို့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ဟုPDF ဇိုလဲန်းသတိပေး

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးမှုကို ၂၀၂၂ နှစ် မိုးကုန်ပိုင်းတွင် နောက်ဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု PDF Zoland တာဝန်ရှိသူကပြောသည်။

(ကရင်ပြည်နယ် ၊​လေး​ကေ့​ကော်မြို့သစ်ကို ၂၀၂၁ ဒီဇင်ဘာလကစစ်​ကြောင်းထိုးဝင်​ရောက်ခဲ့စဥ်က စစ်သားအချို့။ ဓါတ်ပုံ-CJ)
(ကရင်ပြည်နယ် ၊​လေး​ကေ့​ကော်မြို့သစ်ကို ၂၀၂၁ ဒီဇင်ဘာလကစစ်​ကြောင်းထိုးဝင်​ရောက်ခဲ့စဥ်က စစ်သားအချို့။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ကလေးမြို့မှချင်းပြည်နယ်ဘက်သို့စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)-ဇိုလဲန်း(Zoland)က ယနေ့မတ်လ ၇ရက်တွင်သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကလေး-သိုင်းငင်း-တီးတိန်လမ်းမကို အသုံးပြုလာခြင်းကြောင့် ထိုလမ်းမကြီးပေါ်တွင် အချိန်မရွှေးတိုက်ပွဲများဖြစ်လာသည်ဟု PDF-Zolandကသတိ​ပေးထားသည်။ ထိုကြောင့် မိဘပြည်သူများအနေဖြင့် ထိုလမ်းမကြီးပေါ်တွင် ခရီးသွားလာခြင်း၊ တောထွက်ခြင်းမပြုရန်လည်း အသိပေးထားသည်။

“သူတို့က ရှုခင်းသာကနေ ခြေလျင်နဲ့တက်လာတာ။ အဓိကက ခရီးသွားယာဉ်တွေ ပြည်သူတွေဘက်ကနည်းနည်း သတိထားရင် ပိုကောင်းတာပေါ” ဟု PDF-Zoland တာဝန်ရှိသူ တစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးမှုကို ၂၀၂၂ နှစ် မိုးကုန်ပိုင်းတွင် နောက်ဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု PDF Zoland တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့တက်လာတာ နှစ်ရက်လောက်ရှိပြီ တောင်ပေါ်ကို စစ်ကြောင်းထိုးဖို့ တက်လာတာ။ ကျွန်တော်တို့ သူတို့အင်အားနဲ့ အခြေအနေကို စုံစမ်းနေဆဲပါ”ဟု၎င်းကဆက်ပြောသည်။

ထိုစစ်ကြောင်းသည် တီးတိန်မြို့ကို ထိုးစစ်ဆင်ရန်ဖြစ်နိုင်သည်ဟုလည်း တာဝန်ရှိသူကသုံးသပ်ပြောသည်။

PDF ဇိုလဲန်းသည် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ကာကွယ်ရေးတပ်ဖြစ်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ