Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သရက်ချောင်းမြို့နယ်တွင် (၂၄)စီးပါစစ်ကောင်စီ ယာဥ်တန်းအား နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

မတ်လ ၃ ရက် နံနက် ၇ နာရီကျော်တွင် မြိတ် – ထားဝယ်လမ်းအတိုင်း မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပိတိုင်ကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဥ်တန်းမှ ယာဉ်တစ်စီးတိမ်းမှောက်သွားပြီး တစ်စီးမှာ မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။

(TYC - PDF မှ ရဲဘော်များ စစ်ပညာသင်တန်းဆင်းပွဲတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါင်းမင်းစစ်ဆင်ရေး)
(TYC - PDF မှ ရဲဘော်များ စစ်ပညာသင်တန်းဆင်းပွဲတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါင်းမင်းစစ်ဆင်ရေး)

▪️ယာဉ်တစ်စီးတိမ်းမှောက်ပြီး တစ်စီးမီးလောင်ဟုဆို

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း မြိတ် – ထားဝယ်လမ်းပိုင်း၌ (၂၄)စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းအား နေရာနှစ်ခုတွင် မိုင်းဆွဲတိုက်ခိုက်သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ TYC က ပြောသည်။

မတ်လ ၃ ရက် နံနက် ၇ နာရီကျော်တွင် မြိတ် – ထားဝယ်လမ်းအတိုင်း မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပိတိုင်ကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဥ်တန်းမှ ယာဉ်တစ်စီးတိမ်းမှောက်သွားပြီး တစ်စီးမှာ မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယာဥ်တန်းနှင့်ပါလာသော စစ်ကောင်စီတပ်သားများအနက် ၂၂ ဦးသေဆုံးကာ ငါးဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ TYC က ပြောသည်။

“ပိတိုင်မှာ မိုင်းဆွဲတာကျွန်တော်တို့ဖွဲ့ပါ။ ပြည်သူများမျက်မြင်တည်ပြုချက်ရ ၁၈ ကောင်ပွဲချင်းပြီးသေပါတယ်။ ဆေးရုံရောက်မှ နောက်ထပ် ၄ ယောက်ထပ်သေပါတယ်။ ဒဏ်ရာပြင်းထန်ရသူက ၅ ကောင်လို့မျက်မြင်ပြည်သူများကပြောလာပါတယ်ဗျ”ဟု TYC တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ ပိတိုင်ကွေ့အနီးတွင် စစ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်သည့်အပြင် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ကြာဖြစ်ပွားခဲ့ရာ TYC နှင့်ပူးပေါင်း ၍ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ဒေါင်းမင်းစစ်ဆေးရေးပြောက်ကျား တပ်မှ ရဲဘော်များက ဆက်လက်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

ထို့ကြောင့် စစ်ကောင်စီတပ်များမှ ပြန်လည်ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများ အထိအခိုက်မရှိခဲ့ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရသွားခဲ့သည်။