Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး စစ်ရှောင်ရင်း အမွှာရင်သွေး မွေးဖွား

ခင်ဦးမြို့နယ်အတွင်း တကျော့ပြန်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ထွက်ပြေးလာရသည့်ပြည်သူများအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ ယခုရက်ပိုင်းအတွင်း သမီးတစ်ဦး၊သားတစ်ဦး အမွှာရင်သွေးမွေးဖွားခဲ့ခြင်းဖြစ်သည်။

(အမွှာရင်သွေးမွေးဖွားခဲ့သည့် စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ခင်ဦးဒေသခံစစ်ရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(အမွှာရင်သွေးမွေးဖွားခဲ့သည့် စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ခင်ဦးဒေသခံစစ်ရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး စစ်ရှောင်ရင်း အမွှာရင်သွေမွေးဖွားခဲ့သည်။

ခင်ဦးမြို့နယ်အတွင်း တကျော့ပြန်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ထွက်ပြေးလာရသည့်ပြည်သူများအနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ ယခုရက်ပိုင်းအတွင်း သမီးတစ်ဦး၊သားတစ်ဦး အမွှာရင်သွေးမွေးဖွားခဲ့ခြင်းဖြစ်သည်။

“ကလေးအမွှာပူးလေးဟာ စစ်ရှောင်ရင်း မွေးခဲ့တာဖြစ်ပြီး နေအိမ်ကလည်း မီးလောင်မိဘဖြစ်သူတို့ကလည်း ဆင်းရဲကြပြီး ကလေး၂ယောက်ကို နို့ဘူးတစ်ဘူးထဲနဲ့ တစ်ရက်မှာ ၂ကြိမ်သာတိုက် ပေးနိုင်တယ်တဲ့။ကလေးအမွှာပူးနဲ့ အတော်လေးကို ဒုက္ခရောက်နေတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

(အမွှာရင်သွေးမွေးဖွားခဲ့သည့် စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ခင်ဦးဒေသခံစစ်ရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(အမွှာရင်သွေးမွေးဖွားခဲ့သည့် စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ခင်ဦးဒေသခံစစ်ရှောင်ပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)

အဆိုပါ အမွှာမောင်နှမကို တော်လှန်ရေးကာလ ​သေနတ်သံများကြား မွေးဖွားခဲ့၍ အုန်းအုန်းနှင့် ဒိုင်းဒိုင်းဟု ခေါ်တွင်နေကြသည်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းရန်ကြောင့် ထွက်ပြေးလာသည့် ပြည်သူများထဲတွင် ကိုယ်ဝန်ဆောင်သည် အမျိုးသမီးများ၊ သွေးနုသားနု မိခင်များ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ စုစုပေါင်း ၁၀၀ကျော် ပါဝင်ကြောင်း၊ စစ်ရှောင်ရင်း ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အအေးမိ၊ ညောင်းညာဖျားနာမှုများ ဖြစ်ပွားနေကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

အဆိုပါ အမွှာပူးကလေးမိခင်အပါအဝင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ စစ်ရှောင်ရင်း ကျန်းမာရေးကုသမှုခံနေရသည့် ပြည်သူများ အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ခင်ဦးနယ်ရှိ ဒေသခံ၈၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးသေဆုံးကာ သက်ကြီးရွယ်အိုတစ်ဦး အအေးမိသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရေဘေးသင့် ကျေးရွာတချို့မှာ ကလေးတွေအပါအဝင် ရေဘေးသင့်ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရေဘေးသင့် ကျေးရွာတချို့မှာ ကလေးတွေအပါအဝင် ရေဘေးသင့်ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook