Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် ပျူခေါင်းဆောင်အသတ်ခံရမှု စစ်ကောင်စီက ဒေသခံခုနစ်ဦးကိုမတရားဖမ်းဆီး

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

(ကချင်ပြည်နယ် ဖားကန့်တွင် ၂၀၂၁ မေလ ၂ ရက် ပစ်ခတ်မှုမဖြစ်ပွားခင် တွေ့ရသည့် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများ။ ဓာတ်ပုံ - CJ)
(ကချင်ပြည်နယ် ဖားကန့်တွင် ၂၀၂၁ မေလ ၂ ရက် ပစ်ခတ်မှုမဖြစ်ပွားခင် တွေ့ရသည့် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများ။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီသင်တန်းဆင်း ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံလိုက်ရသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ဒေသခံခုနစ်ဦးကို စစ်ကောင်စီက မတရား ရိုက်နှက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

“ပျူစောထီး အောင်နိုင်အသတ်ခံရတဲ့ ကိစ္စက စခ(စစ်ကောင်စီတပ်)တွေအတွက် နှာနုဖြတ်အရိုက်ခံရသလို နေမယ်။ သူတို့အခဲမကြေ လိုက်ဖမ်းနေတာ။ ညက မှော်ကားကြီးကွင်းကိုလည်း ဝင်မွှေတယ်။ ပြီးတော့ ရှုကောင်းသစ်လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေတဲ့သူတွေကို ဖမ်းသွားဆယ်။ ခုနစ်ယောက်တောင်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသားခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့(မတ်လ ၈ရက်)နံနက်အထိ ပြန်မလွတ်လာသေးသလို မည်သည့်နေရာတွင်ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရသေးကြောင်း မှော်ဝမ်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်တွင် စစ်ကောင်စီတပ်က ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့တွင်ပါဝင်သလို ပျူစောထီးခေါင်းဆောင်တဦးလည်းဖြစ်သော အောင်နိုင်သည် မော်ဝမ်းရပ်ကွက်၊ ရွှေစည်းစိမ်လက်ဖက်ရည်ဆိုင်ရှေ့တွင် မတ်လ ၄ရက် ညနေ ၅ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။