Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် ပျူခေါင်းဆောင်အသတ်ခံရမှု စစ်ကောင်စီက ဒေသခံခုနစ်ဦးကိုမတရားဖမ်းဆီး

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

(ကချင်ပြည်နယ် ဖားကန့်တွင် ၂၀၂၁ မေလ ၂ ရက် ပစ်ခတ်မှုမဖြစ်ပွားခင် တွေ့ရသည့် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများ။ ဓာတ်ပုံ - CJ)
(ကချင်ပြည်နယ် ဖားကန့်တွင် ၂၀၂၁ မေလ ၂ ရက် ပစ်ခတ်မှုမဖြစ်ပွားခင် တွေ့ရသည့် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများ။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်ကောင်စီသင်တန်းဆင်း ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံလိုက်ရသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ဒေသခံခုနစ်ဦးကို စစ်ကောင်စီက မတရား ရိုက်နှက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

“ပျူစောထီး အောင်နိုင်အသတ်ခံရတဲ့ ကိစ္စက စခ(စစ်ကောင်စီတပ်)တွေအတွက် နှာနုဖြတ်အရိုက်ခံရသလို နေမယ်။ သူတို့အခဲမကြေ လိုက်ဖမ်းနေတာ။ ညက မှော်ကားကြီးကွင်းကိုလည်း ဝင်မွှေတယ်။ ပြီးတော့ ရှုကောင်းသစ်လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေတဲ့သူတွေကို ဖမ်းသွားဆယ်။ ခုနစ်ယောက်တောင်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသားခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့(မတ်လ ၈ရက်)နံနက်အထိ ပြန်မလွတ်လာသေးသလို မည်သည့်နေရာတွင်ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရသေးကြောင်း မှော်ဝမ်းရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်တွင် စစ်ကောင်စီတပ်က ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့တွင်ပါဝင်သလို ပျူစောထီးခေါင်းဆောင်တဦးလည်းဖြစ်သော အောင်နိုင်သည် မော်ဝမ်းရပ်ကွက်၊ ရွှေစည်းစိမ်လက်ဖက်ရည်ဆိုင်ရှေ့တွင် မတ်လ ၄ရက် ညနေ ၅ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။