Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် ကြေးနီသယ်လာသည့် စစ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်

မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီ၏ ယာဥ်များအား ​ဒေသတွင်း PDFအဖွဲ့များက မကြာခဏတိုက်ခိုက်လျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ကားများအနီး မောင်းနှင်သွားလာခြင်းမပြုရန် သတိပေးထားသည်။

(စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဖက်ကမ်း လက်ပံတောင်းရှိ ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို ၂၀၁၂ အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - EPA)
(စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဖက်ကမ်း လက်ပံတောင်းရှိ ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို ၂၀၁၂ အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - EPA)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမပေါ်တွင် စစ်ကောင်စီတပ်က ကြေးနီများသယ်ဆောင်လာစဥ် ကင်းပုန်းများ အများအပြားချထားသည့်ကြားက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်များပျက်စီးပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မတ်လ ၉ ရက်)က မုံရွာ – မန္တလေးလမ်းပေါ်တွင် မုံရွာဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ထွက်ခွာလာသည့် ကြေးနီတင်ဆောင်လာသော ၁၂ဘီးကား ၁၂စီးအနက် ငါးစီးမြောက်ယာဉ်အား မွန်းလွဲ ၁ နာရီ မိနစ် ၄၀ခန့်တွင် အလ္လကပ္ပနှင့် ဝမ်းပြည့်ရွာကြား၌ မိုင်းဘီလူးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် ညနေ ၃ နာရီ မိနစ် ၅၀ခန့်တွင်လည်း မုံရွာမှ စစ်ကိုင်းမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ် အစီးရေ ၃၀အနက် တပ်ဖွဲ့ဝင် အပြည့်ပါလာသော ၁၂စီးမြောက်ယာဉ်ကို အလ္လကပ္ပနှင့်ဝမ်းပြည့်ရွာကြားတွင် ပဒေသာမိုင်း၅လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PAFD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကားများပျက်စီးပြီးသေဆုံးမှုများပြားနိုင်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကြေးနီတင်လာတဲ့ကားတွေကို စစ်ကောင်စီရဲ့ဝင်ငွေထောက်တိုင်တွေကို ဖြိုလှဲတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ ညနေ ၆ နာရီ ၁၅ လောက်အထိ စစ်ကားတွေတအားဖြတ်တယ်။ ကျွန်တော်တို့မှာ မိုင်းတွေကုန်သွားလို့မလုပ်နိုင်တာ။ သူတို့က ကားတွေမလာခင်ကတည်းက ကင်းပုန်းတွေ ရက်ရက်စက်စက်ချထားတာ။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့လည်းထုတယ်။”ဟု PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကိုPeople’s Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊ People’s Knight Defense Force Myinmu (PKDF.MMU)၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ TAUNGTHA People Defense Force(TTAPDF)၊ D.B.B.F.MMUမဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

အလားတူ မွန်းလွဲ ၁၂ နာရီခွဲခန့်ကလည်း ‌မုံရွာမြို့မှ ထွက်လာသည့် ‌ကြေးနီတင်ဆောင်လာသော ‌စစ်ကားများကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိနိုင်ကြောင်း မြောင်မြို့နယ် T.G.Rပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်တိုက်ဂါးက ​ပြောသည်။

“ကားက ၁၂ စီးရှိတယ်။ ဂွေးပင်တောရွာအနောက်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုရှိတယ်။”ဟု ဗိုလ်တိုက်ဂါးက ​ပြောသည်။

မိုင်းထုတ်လုပ်ရန်အတွက် ရန်ပုံငွေနည်းပါး၍ အနည်းငယ်သာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီ၏ ယာဥ်များအား ​ဒေသတွင်း PDFအဖွဲ့များက မကြာခဏတိုက်ခိုက်လျက်ရှိပြီး ပြည်သူများအနေဖြင့် စစ်ကားများအနီး မောင်းနှင်သွားလာခြင်းမပြုရန် သတိပေးထားသည်။

ထို့အပြင် တော်လှန်ရေးရဲဘော်များသည် အလှူငွေရရှိမှုနည်းပါးခြင်း၊မိုင်းကုန်ကြမ်းနည်းပါးနေခြင်းများကြောင့် စစ်ကောင်စီတပ်အား တိုက်ခိုက်မှု နှောင်းနှေးနေရပြီး ပြည်သူများပူးပေါင်းပါဝင် ကူညီပေးကြရန် PAFDက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှေ့မှာ အမျိုးသားတစ်ဦးကို ဓားနဲ့ သတ်ဖြတ်သွားတဲ့အမှုနဲ့ပတ်သက်ပြီးအမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်လက် အောက်ခံရဲက ဖမ်းဆီးထားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့​က သီတင်းကျွတ်ဘုရားကြီးပွဲလာသူအချို့ရဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုက်တွဲတွေ ပျောက်ဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။