Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် ဓားခုတ်လုနေသောအဖွဲ့တစ်ဖွဲ့အား ပြည်သူများဝိုင်းဖမ်း

စစ်ကောင်စီက အာဏာသိမ်းပြီး (၂)နှစ်အတွင်း ဥပဒေမဲ့လုပ်ရက်များပိုမိုသောင်းကျန်းလာကာ မန္တလေးမြို့တွင်း လူစည်ကားနေရာများမပါမကျန်၊ နေ့ခင်းကြောင်းတောင်ပင် ဓားပြတိုက်လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသည်။

(ပြည်သူများဝိုင်းဖမ်းပေးခဲ့သည့် ဓါးခုတ်လုယက်သောအဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ပြည်သူများဝိုင်းဖမ်းပေးခဲ့သည့် ဓါးခုတ်လုယက်သောအဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️ဓားခုတ်လုသောအဖွဲ့အများအပြား မြို့အနှံ့ရှိနေ

မန္တလေးမြို့တွင် ပြည်သူများအား ဓားဖြင့်ခုတ်ကာလုယက်နေသည့်အဖွဲ့များအား ပြည်သူများက ပူးပေါင်းဖမ်းဆီးမှုများ ပြုလုပ်နေပြီး ခုနစ်ယောက်အဖွဲ့တစ်ဖွဲ့ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၈ရက်က မန္တလေးမြို့အရှေ့ခြမ်း၊ ရေတံခွန် တောင်လမ်းနှင့် သိပ္ပံလမ်းအနီး၌ ကားတစ်စီးဖြင့်ပါ လိုက်လံလုယက်နေသော အမျိုးသားခုနစ်ဦးပါ အဖွဲ့အားဖမ်းဆီးပြီး ရဲလက်အပ်လိုက်ကြောင်း ဖမ်းဆီးရာတွင်ပါဝင်ခဲ့သူတစ်ဦးက ပြောသည််။

“လုတဲ့ဓါးခုတ်ကောင်အဖွဲ့ နေ့တိုင်းထွက်နေတယ် ။ကန်တော်ကြီးဘက်က ထွက်ထွက်လာတာတော့သိပါတယ်။ထောင်ထွက်ကောင်တွေဆိုတာလဲသိပါပြီ။ မကြာခင်အဲ့အဖွဲ့ကို မိအောင်ဖမ်းပြမယ်။”ဟု ၎င်းက ပြောသည်။

အလားတူ မန္တလေးကန်တော်ကြီးနှင့် ၁၉လမ်းကြား၊ ဧရာဝတီမြစ်ကန်ပတ်လမ်းနှင့် လမ်း ၈၀ ကြားတွင် ဓားခုတ်လုယက်လေ့ရှိသည့် ရှစ်ဦးအဖွဲ့တစ်ဖွဲ့လည်းရှိပြီး ဖမ်းဆီးနိုင်ရန်စုံစမ်းနေကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“မန္တလေး ၆၂လမ်း တွတ်ပီကွေ့ ၁၂၀ ကနေစပြီး ၁၃၀ အထိ ကြားထဲမှာ လုတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ ၅၁လမ်းကနေ ၅၄လမ်း၊ ၁၀၆ လမ်းကနေ ၁၁၀ လမ်းအထိလည်းတစ်ဖွဲ့ရှိတယ်။ တစ်ပတ်အတွင်းကို ၃စီးပါသွားတယ် အရင်အပတ်က။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး (၂)နှစ်အတွင်း ဥပဒေမဲ့လုပ်ရက်များပိုမိုသောင်းကျန်းလာကာ မန္တလေးမြို့တွင်း လူစည်ကားနေရာများမပါမကျန်၊ နေ့ခင်းကြောင်းတောင်ပင် ဓားပြတိုက်လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသည်။

ခုနစ်ဦးပါဓားပြအဖွဲ့အား ပြည်သူများကစုပေါင်းဖမ်းဆီးပေးခဲ့သော်လည်း စစ်ကောင်စီ၏ရဲတပ်ဖွဲ့ကမူ ၎င်းတို့ကိုယ်တိုင်ဖော်ထုတ်ဖမ်းဆီးခဲ့သည် ဟု ထုတ်ပြန်ထားသည်။

သို့သော် ပြည်သူများကမူ ရဲလက်အပ်ခြင်းအတွက် ငွေပေးပြီး ပြန်လည်လွတ်မြောက်လာမည်ကို စိုးရိမ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။