Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများအန္တရာယ်ကင်းစေရန် စစ်ကောင်စီ ၏ လှုပ်ရှားမှု တပ်တွင်းသတင်းများ ပေးပို့ပါက ဆုငွေပေးအပ်မည်ဟု မင်းတပ်CDF ထုတ်ပြန်

စစ်ကောင်စီတပ်သားများ မင်းတပ် CDFထံ လက်နက်နှင့်အတူ CDM ဝင်ရောက်လာပါက ဆုကြေးငွေ ကျပ်သိန်း ၅၀ပေးအပ်မည်ဖြစ်ကြောင်း မင်းတပ် CDF က ၂၀၂၁ ဩဂုတ်က ကြေညာချက်ထုတ်ပြန် ထားသည်။

(မင်းတပ်CDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF- Mindat)
(မင်းတပ်CDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF- Mindat)

စစ်ကောင်စီ၏လှုပ်ရှားမှု တပ်တွင်းသတင်းများကို ပြည်သူများအန္တရာယ်ကင်းစေရန် ရည်ရွယ်ပြီး သတင်းပေးပို့နိုင်ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထုတ်ပြန်သည်။

သတင်းခိုင်မာမှုအပေါ် မူတည်ပြီး ထိုက်တန်သည့် ဆုကြေးငွေများ ထပ်မံချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ကာ ပြည်သူများအား ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်လျက်ရှိရာ အခြေအနေအမျိုးမျိုးကြောင့် CDM မဝင်နိုင်သော်လည်း ပြည်သူများ ဘေးအန္တရာယ် ကင်းစေရန် အလို့ငှာ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုအတွင်းသတင်းများ ပေးပို့တက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေကြောင်း မင်းတပ် CDFက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သားများ မင်းတပ် CDFထံ လက်နက်နှင့်အတူ CDM ဝင်ရောက်လာပါက ဆုကြေးငွေ ကျပ်သိန်း ၅၀ပေးအပ်မည်ဖြစ်ကြောင်း မင်းတပ် CDF က ၂၀၂၁ ဩဂုတ်က ကြေညာချက်ထုတ်ပြန် ထားသည်။

Public Service Announcement

Public Service Announcement

အလားတူ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများ အနေဖြင့်လည်း CDM ပြုလုပ်ပြီးပြည်သူ့ရင်ခွင် ခိုလှုံလာသူများကို ဆုကြေးငွေများ အသီးသီးချီးမြှင့်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။