Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင်တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

အနီးကပ်တိုက်ပွဲတွင် တော်လှန်ရေးရဲ ဘော်လေးဦးထပ်မံကျဆုံးပြီး လက်နက်အချို့ ဆုံးရှုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးခန့်သေဆုံးကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

တိုက်ပွဲတွင် PDF တပ်​ပေါင်းစုမှ ဆုံးရှုံးခဲ့သာ​သေနက်​ ၄ လက်နှင့်ကျည်အချို့ပုံကိုစစ်​ကောင်စိဝါဒဖြန့်ဆိုရှယ်မီဒီယာအ​ကောင့်များကတင်ထား​သော​ပုံ။
တိုက်ပွဲတွင် PDF တပ်​ပေါင်းစုမှ ဆုံးရှုံးခဲ့သာ​သေနက်​ ၄ လက်နှင့်ကျည်အချို့ပုံကိုစစ်​ကောင်စိဝါဒဖြန့်ဆိုရှယ်မီဒီယာအ​ကောင့်များကတင်ထား​သော​ပုံ။

▪︎ပု​လောမြို့နယ်တွင် စစ်​ဘေး​ရှောင် ပြည်သူနှစ်​သောင်း​ကျော်ရှိလာ

တနသ်ာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ပေါင်းစုများတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် (၁၀)ဦးခန့်သေဆုံးကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁)၊ ပုလော PDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

မတ် ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲကပုလော-မြိတ်လမ်းပိုင်း(ပြည်ထောင်စုလမ်းမကြီး)အနီးကဗျာကျေးရွာနားသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းအား မြိတ်ခရိုင် တပ်ရင်း (၁)နှင့် ပုလော ပ.က.ဖ တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့သည်ဟုသိရသည်။

တိုက်ပွဲမှာအပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာခဲ့ပြီး PDF ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရာ ၎င်းကျဆုံးရဲဘော်အားသယ်ဆောင်၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တပ်ရင်း (၁)မှ တာဝန်ရှိသူက​ပြောသည်။

စစ်​​ဘေး​ရှောင် ပြည်သူအချို့ ။ဓါတ်ပုံ-CJ
စစ်​​ဘေး​ရှောင် ပြည်သူအချို့ ။ဓါတ်ပုံ-CJ

တောလမ်းအတိုင်း တပ်ဆုတ်လာစဥ် ည ၇ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် လမ်းခုလပ်၌ ထိပ်တိုက်တိုးကာ ဒုတိယအကြိမ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ထိပ်တိုက်တွေ့ဆိုရင် ကျနော်တို့ရဲဘော်တွေက ရွာသားတွေနဲ့လူးမှားပြီး ရေတောင်တောင်းသောက်လိုက်သေးတယ်။ အဲဒီမှာ သူတို့ကမ်းလာတဲ့ခွက်ကိုကြည့်တော့မှ ဟာစစ်ခွေးတွေသုံးတဲ့ခွက်ပဲဆိုပြီးအနီးကပ်ဝင်လုံးရင်းတိုက်ခိုက်ရတာ”ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အနီးကပ်တိုက်ပွဲတွင် တော်လှန်ရေးရဲ ဘော်လေးဦးထပ်မံကျဆုံးပြီး လက်နက်အချို့ ဆုံးရှုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးခန့်သေဆုံးကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

စစ်​​ဘေး​ရှောင် ပြည်သူအချို့ ။ဓါတ်ပုံ-CJ
စစ်​​ဘေး​ရှောင် ပြည်သူအချို့ ။ဓါတ်ပုံ-CJ

အဆိုပါ အင်အား (၁၅၀)ဝန်းကျင်ခန့်ပါ စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းသည် ပုလော-မြိတ်ကားလမ်းတလျှောက်နှင့် လမ်းဘေးဝဲယာ ကျေးရွာများသို့ စစ် ကြောင်းထိုးဝင်ရောက်လျှက်ရှိရာ ကဗျာကျေးရွာအနီးမှ လက်ပံပြင်စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်မှာ အခြားတစ်နေရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် ပုလောမြို့နယ်အတွင်း စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီတပ်များက ကျေးရွာများသို့ဝင်ရောက်ကာ ဓားစာခံဖမ်းဆီးခြင်း၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် တစ်မြို့နယ်လုံးတွင် စစ်ရှောင်ပြည်သူ ၂၀,၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။