Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် လူသတ်မီးရှို့နေသည့်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၅ဦးသေ

ကြောင်ပန်းဂိတ်၊သစ်တောရုံးများသို့လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ အထိုင်ချ နေထိုင်သည့် ၃ထပ်တိုက်ကိုRPGဖြင့် ပစ်ခတ်ခဲ့ကြောင်း MDF – Special Force အဖွဲ့ တာဝန်ခံက ပြောသည်။

(MSPDF မှ ရဲဘော်တစ်ဦး ပစ်ခတ်နေသည်ကို တွေ့ရစဉ်)
(MSPDF မှ ရဲဘော်တစ်ဦး ပစ်ခတ်နေသည်ကို တွေ့ရစဉ်)

▪️စစ်ကောင်စီတပ်ပစ်ခတ်၍ ဒေသခံပြည်သူလေးဦးကျည်ထိမှန်

▪️ဘုတလင်မြို့ ကြောင်ပန်းစစ်ဆေးရေးဂိတ်အား PDFများ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကြောင်းထိုးသတ်ဖြတ် မီးရှို့နေပြီး စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ဦးသေဆုံးကြောင်း Myaung Special People Defense Force အဖွဲ့ တာဝန်ခံက ပြောသည်။

မတ်လ ၁၃ ရက် ညနေ ၃နာရီခန့်က အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းအား မြောင်မြို့နယ်၊ နေပူကုန်းနှင့် နဂါးပေါက်ကြားတွင် မိုင်း ရှစ်လုံး သုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း MSPDF၏ အဖွဲ့ တာဝန်ခံက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးနေရာတွင် သေဆုံးပြီး ၂၀ကျော် ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိကြောင်း MSPDF၏ အဖွဲ့ တာဝန်ခံက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သည် တပ်မ (၉၉) လက်အောက်ခံများဖြစ်ပြီး မြင်းမူနယ် တာတိုင်ရွာ ဒေသခံများ သတ်ဖြတ်သွားသည့် စစ်ကြောင်းဖြစ်ကြောင်း၊ မြောင်နယ်အတွင်း၌လည်း ဆက်လက်စစ်ကြောင်းထိုးသတ်ဖြတ်နေ၍ ဒေသခံ ပြည်သူတစ်သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကြောင်းသည် မြောင်နယ်အတွင်းရှိ ပြည်သူများကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေပြီး အရေအတွက်အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။

“မြင်းမူမှာတုန်းက အများအပြားသတ်သွားတဲ့စစ်ကြောင်းပါ။ ခု မြောင်နယ်မှာလည်း သတ်တယ်။ မနေ့က ပြည်သူတစ်ဦး ပစ်သတ်ခံရတယ်။ ဒီနေ့မနက်လည်း စစ်​ဘေးရှောင် ပြည်သူလေးဦး ကျည်မှန်သေးတယ်။ ဒီဘီလူးစစ်ကြောင်းကပဲ လုပ်တာ။ ဘီလူးစစ်ကြောင်းက မိုင်းဆွဲခံရပြီးကတည်းက မြောင်နယ်အရှေ့ခြမ်းက ရွာတွေကို ပတ်ဝင်နေတာ။ ခုတော့ ပေါက်ချောင်းရွာမှာ။”ဟု MSPDF၏ အဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် မတ်လ ၁၃ ရက်နံနက်၅နာရီခန့်က မြောင်မြို့နယ်၊ ပရိမ္မကျေးရွာအားဝင်ရောက်စီးနင်း၍ အရပ်သားသုံးဦးအား ဖမ်းဆီးခေါ်ဆောင်ပြီး အပြန်တွင် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)- MSPDF၏ စခန်း(၃)အား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ကျပ်သိန်း ၂၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

▪︎ဘုတလင်မြို့အဝင်​ စစ်တပ်တပ်စွဲရာကြောင်ပန်းဂိတ်ကိုPDFများတိုက်ခိုက်

အခြားသတင်းတစ်ရပ်မှာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အဝင်ရှိ စစ်ကောင်စီတပ်စွဲရာ ကြောင်ပန်းဂိတ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆောက်အအုံအချို့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်-၂၆)တပ်ရင်း MDF – Special Force အဖွဲ့ တာဝန်ခံက ပြောသည်။

ဘုတလင်မြို့အဝင် သစ်တောရုံးအနီးရှိ စစ်ကောင်စီ၏ ကြောင်ပန်းစစ်ဆေးရေးဂိတ်အား ယမန်နေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီ မိနစ် ၄၀ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင် အမှတ်-၂၆)တပ်ရင်း MDF – Special Force အဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါ ဂိတ်ရှိ စစ်ကောင်စီတပ်သားများသည် ဖြတ်သန်းသွားလာသည့် ပြည်သူများ၏ ဆိုင်ကယ်များကို အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက်ခံနေပြီး အပြစ်မဲ့ပြည်သူများကို မသင်္ကာသည့်အကြောင်းပြချက်ဖြင့် မကြာခဏ ဖမ်းဆီးခြင်းများပြုလုပ်နေ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း MDF – Special Force အဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သားများသည် ကြောင်ပန်းဂိတ်အနီးရှိ သစ်တောရုံးအတွင်း အထိုင်ချနေထိုင်ပြီး အနီးရှိ DENKOဆီဆိုင်‌တွင်လည်း ကင်းပုန်းများ အမြဲ ချထားခဲ့သည်။

ကြောင်ပန်းဂိတ်၊သစ်တောရုံးများသို့လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ အထိုင်ချ နေထိုင်သည့် ၃ထပ်တိုက်ကိုRPGဖြင့် ပစ်ခတ်ခဲ့ကြောင်း MDF – Special Force အဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ နေ့စဉ်ကင်းပုန်းချနေထိုင်သည့် DENKOဆီဆိုင်ကိုလည်း စစ်အုပ်စု ထပ်မံနေထိုင်ခြင်းမပြုနိုင်စေရန် မီးရှိုဖျက် ဆီးခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“ကြောင်ပန်းလမ်းခွဲဂိတ်မှာ စစ်နေတာက ၃ ယောက်၊ ဘေး ဘယ်ညာ ကင်းပုန်းက နှစ်ယောက်စီနဲ့ သစ်တောရုံးမှာက ၁၀ ယောက်ဝန်းကျင်က ကင်းပုန်းဝပ်နေကြတာ။ စပစ်လိုက်တော့ သူတို့တွေက အကုန်ဝင်သွားကြပြီးမှ ပစ်ခတ်မှု ဆက်တိုက်ဆိုသလိုကျွန်တော်တို့ လုပ်ဆောင်ကြတယ်။အဲ့ကနေမှ မြို့အထွက် Danko ဆီဆိုင်က ကင်းပုန်းကိုပစ်တယ်၊ပြီးတော့ မီးရှို့ခဲ့ကြတယ်။”ဟု MDF – Special Force အဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါ DENKOဆီဆိုင်သည် စစ်ကောင်စီနှင့် ပတ်သက်ခြင်း၊ စစ်ကောင်စီတပ်သားများကို လက်ခံနေထိုင်ခွင့်ပြုခြင်းကြောင့် လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလတည်းက ဒေသခံတော်လှန်ရေးတပ်ဖွဲများမှ ဆိုင်ကိုပိတ်သိမ်းစေခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုတိုက်ပွဲတွင် MDF-Special Force(ရွှေဘိုခရိုင် အမှတ် -၂၆)တပ်ရင်းမှ လင်းယုန်စစ်ကြောင်း၊ ကျောင်းသားလက်ရုံးတပ်တော်(SAF) နှင့် ဗန္ဓုလတပ်ရင်း တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပေးသည်။

သို့သော် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ကြောင်းသိရသော်လည်း ပမာဏကို အတည်မပြုနိုင်သေးကြောင်း MDF – Special Force အဖွဲ့ တာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

Facebook