Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ပူတာအိုလမ်း၌ စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟု KIA ပြော

ကချင်ပြည်နယ် မံစီမြို့နယ်နှင့် ရှမ်ပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် -သိန္နီကြားတွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း KIA တာဝန်ရှိသူက ပြောသည်။

(ကချင်လွတ် လပ်ရေးတပ်မတော်(KIA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ် လပ်ရေးတပ်မတော်(KIA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအိုလမ်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းများကို ကချင်လွတ် လပ်ရေးတပ်မတော်(KIA)က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မတ်လ ၁၀ရက်မှစ၍ တစ်ပတ်တာအတွင်း အဆိုပါလမ်းပိုင်း၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ဒီတစ်ပတ်အတောအတွင်းမှာ ကျွန်တော်တို့ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ပူတာအိုလမ်းတကြောမှာ ခဏခဏ တိုက်ပွဲဖြစ်တာရှိပါတယ်။ မနေ့ကလည်း တိုက်ပွဲဖြစ်တာရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီတပ် ယာဉ်တန်းများက စစ်ကြောင်းပုံစံဖြင့် ထိုးလာ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်အင်အားကတော့ သိပ်ပြီးမများပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သုံးသပ်တာက မြစ်ကြီးနားနဲ့ ဆွမ်ပရာဘွမ် ကားလမ်းတလျှောက်မှာ နယ်မြေစိုးမိုးရေး လုပ်နိုင်ဖို့တက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။ တချို့တွေက ဆွမ်ပရာဘက်ကနေ ကြိုပြီး ဆင်းလာတဲ့ စစ်ကြောင်းတွေရှိပါတယ်။ အဲဒါ လှုပ်ရှားလာတဲ့ စစ်လှုပ်ရှားမှုတွေကို ကျွန်တော်တို့ဘက်က ခုခံတိုက်ပွဲတွေ ဆင်နွှဲလာတဲ့ တိုက်ပွဲတွေဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့အပြင် ၎င်းတို့ ခြုံခိုတိုက်ခိုက်၊မိုင်းဆွဲမှုများကြောင့် ရန်သူဘက်မှာ အနည်းနှင့်အများ ထိခိုက်မှုရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

ကချင်ပြည်နယ် မံစီမြို့နယ်နှင့် ရှမ်ပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် -သိန္နီကြားတွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း KIA တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။