Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ပူတာအိုလမ်း၌ စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟု KIA ပြော

ကချင်ပြည်နယ် မံစီမြို့နယ်နှင့် ရှမ်ပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် -သိန္နီကြားတွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း KIA တာဝန်ရှိသူက ပြောသည်။

(ကချင်လွတ် လပ်ရေးတပ်မတော်(KIA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ် လပ်ရေးတပ်မတော်(KIA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအိုလမ်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းများကို ကချင်လွတ် လပ်ရေးတပ်မတော်(KIA)က မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မတ်လ ၁၀ရက်မှစ၍ တစ်ပတ်တာအတွင်း အဆိုပါလမ်းပိုင်း၌ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ဒီတစ်ပတ်အတောအတွင်းမှာ ကျွန်တော်တို့ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ပူတာအိုလမ်းတကြောမှာ ခဏခဏ တိုက်ပွဲဖြစ်တာရှိပါတယ်။ မနေ့ကလည်း တိုက်ပွဲဖြစ်တာရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီတပ် ယာဉ်တန်းများက စစ်ကြောင်းပုံစံဖြင့် ထိုးလာ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်အင်အားကတော့ သိပ်ပြီးမများပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သုံးသပ်တာက မြစ်ကြီးနားနဲ့ ဆွမ်ပရာဘွမ် ကားလမ်းတလျှောက်မှာ နယ်မြေစိုးမိုးရေး လုပ်နိုင်ဖို့တက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။ တချို့တွေက ဆွမ်ပရာဘက်ကနေ ကြိုပြီး ဆင်းလာတဲ့ စစ်ကြောင်းတွေရှိပါတယ်။ အဲဒါ လှုပ်ရှားလာတဲ့ စစ်လှုပ်ရှားမှုတွေကို ကျွန်တော်တို့ဘက်က ခုခံတိုက်ပွဲတွေ ဆင်နွှဲလာတဲ့ တိုက်ပွဲတွေဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့အပြင် ၎င်းတို့ ခြုံခိုတိုက်ခိုက်၊မိုင်းဆွဲမှုများကြောင့် ရန်သူဘက်မှာ အနည်းနှင့်အများ ထိခိုက်မှုရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

ကချင်ပြည်နယ် မံစီမြို့နယ်နှင့် ရှမ်ပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် -သိန္နီကြားတွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း KIA တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြိုသိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က စစ်တပ်ရဟတ်ယာဉ် ၂ စီးကိုထိမှန်အောင်ပစ်ခတ်ခဲ့ရာ ထိုသို့ ပစ်ခတ်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား ငှက်သားကြိုက်သူလေးများအဖွဲ့မှ ကျပ်သိန်း ၁၀၀ ဂုဏ်ပြု​အလှူ​ငွေပေးပို့ခဲ့ကြောင်း KIA စစ်ရုံးချုပ် စစ်ရေးဌာန၏ ကျေးဇူးတင်လွှာ၌ ဖော်ပြထားသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ လူထုနေအိမ် များ၌ နင်းမိုင်းနှင့် တိုက်မိုင်းများထောင်ထား၍ စစ်ရှောင် ပြည်သူများအနေဖြင့် မိမိနေအိမ် ပြန်ဝင်ရောက်ပါက မိုင်းသတိ ပြု သွားလာနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံ အလင်းဝင်လာသည့် တပ်သားကျော်ဇေယျာထွန်းက ပြောပြသည်။

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။