Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးအ​လောင်းကို ကရင်နီပူး​ပေါင်းတပ် ​ကောင်းမွန်စွာသဂြိုလ်ပေး

ယခုလ ဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင် နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲ နှင့် ပင်လောင်း တိုက်ပွဲများ၌ သေဆုံးသူ ၄၀ ထက်မနည်းရှိပြီး စစ်ကောင်စီတပ်သားခြောက်ဦး ကို အရှင်ဖမ်းမိထားသည်။

(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)
(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)

ကရင်နီ(ကယား)ပြည်နယ် တိုက်ပွဲ၌ အလွယ်တကူ စွန့်ပစ်ထားခဲ့သော စစ်ကောင်စီမှတပ်ကြပ်ကြီးရုပ်အလောင်းကို ကရင်နီပူးပေါင်းတပ်များက ကောင်းမွန်စွာသဂြိုလ်ပေးခဲ့ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က ယနေ့ ထုတ် ပြန်သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ (နမ့်ဇန်) အခြေစိုက် ခလရ ၂၄၇ တပ်မှတပ်ကြပ်ကြီးမင်းခိုင်ဖြစ်ပြီး၊၎င်း၏ ရုပ်အလောင်းကိုယမန်နေ့ကတွေ့ရှိခဲ့ခြင်းဟု​ဖော်ပြထားသည်။

အသက်ပေးပြီး တာဝန်ထမ်းဆောင်နေသည့်တပ် ကြပ်ကြီး မင်းခိုင်၏ ရုပ်အလောင်းကို စောင်နဲ့ထုပ်ပြီး အလွယ်တကူ စွန့်ပစ်ထားခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)
(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)

“တပ်ကြပ်ကြီး မင်းခိုင် ရုပ်အလောင်းအားတော်လှန်းရေးတပ်ဖွဲ့မှ ကောင်းမွန်စွာ ပြန်လည်သဂြိုလ်ပေးလိုက်သည်။ စစ်ကောင်စီ တပ်ရင်း အမှတ် ၂၄၇ သက်ဆိုင်ရာ တပ်ရင်း မှူးကိုပြောချင်ပါတယ်ဗျာ။အသက်ပေး ပြီး တာဝန်ထမ်းဆောင် နေသည့်တပ်ကြပ်ကြီး မင်းခိုင်ရဲ့ရုပ်အလောင်းကို စောင်နဲ့ထုပ် ပြီး စွန့်ပစ်ထားခဲ့သည်။စစ်ကောင်စီနှင့်သက်ဆိုင်ရာများသိမြင်နိုင်ဖို့တင်ပေးရခြင်းဖြစ်ပါသည်စစ်ကောင်စစ်အနေဖြင့်ဒီထက် ပိုပြီး ကောင်းကောင်း မွန်မွန် ချီးမြှင့်သင့်တယ်လို့ ပြောချင်တယ် ဗျာ”ဟု ကရင်နီပြည်သူ့ရင်ခွင်တာဝန်ရှိသူက စာ​ရေးသား၍ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)
(စစ်တပ်က စွန့်ပစ်ခဲ့​သောတပ်ကြပ်ကြီးရုပ်အ​လောင်းကို ကရင်နီတပ်ဖွဲ့က သဂြိုလ်ပေး​နေစဥ်။ ဓါတ်ပုံ-ကရင်နီပြည်သူ့ရင်ခွင်)

ထို့အပြင် သေဆုံးသွားသည့် တပ်ကြပ်ကြီးမင်းခိုင် အနေဖြင့်​နောင်ဘဝတွင်စစ်အာဏာရှင်ဖက် မှ ပြည်သူလူထု ကို သတ်သည့် သူ မဖြစ်ဘဲ တိုင်းပြည်နှင့် ပြည်သူ လူထု ကို ကာကွယ်ခွင့်ရသူ ဖြစ်လာစေရန် ကရင်နီပြည်သူ့ရင်ခွင်က ဆုတောင်းကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယခုလ ဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင် နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲ နှင့် ပင်လောင်း တိုက်ပွဲများ၌ သေဆုံးသူ ၄၀ ထက်မနည်းရှိပြီး စစ်ကောင်စီတပ်သားခြောက်ဦး ကို အရှင်ဖမ်းမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။