Connect with us

Hi, what are you looking for?

သတင်း

ထီးလင်း – ဂန့်ဂေါလမ်း၌ စစ်ကောင်စီယာဉ်တန်း အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရ၊ သေဆုံးထိခိုက်များပြား

မတ်လ ၁၅ရက် တောင်ဖီလာကွေ့ မိုင်းဆွဲတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိနိုင်ကြောင်း၊ ယင်းနေ့ နေ့လည်ပိုင်း၌ ရွှေခုံတိုင်ရွာအနီး တိုက်ခိုက်မှု တွင်လည်း စစ်ကောင်စီတပ်မှ ၃ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ဖော်ပြသည်။

(စစ်​တပ်ယာဥ်တန်းကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-YRAထီးလင်း)
(စစ်​တပ်ယာဥ်တန်းကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-YRAထီးလင်း)

▪︎ထီးလင်းမှ ထွက်လာသည့် ယာဉ်တန်း သုံးရက်အတွင်း ၁၈ မိုင်သာ ခရီတွင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ကျော်သေဟု ထုတ်ပြန်

မကွေးတိုင်း ထီးလင်းမြို့နယ်သို့ လာရောက်သည့် စစ်ယာဉ်တန်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်းများ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ယောအလင်းတန်းနှင့် ယောအမျိုးသားကာကွယ်ရေးတပ်-YNRF(ဂန့်ဂေါခရိုင် တပ်ရင်း ၁၈) တို့က သတင်းထုတ်ပြန်ထားသည်။

ပခုက္ကူ၊ ပေါက်၊ ကျောက်ထု လမ်းအတိုင်းဖြတ်သန်းလာသော စစ်ကောင်စီယာဉ်တန်းပါ စကစ စစ်ကြောင်းသည် မတ်လ ၁၅ရက် မနက်တွင် ထီးလင်းမြို့ကို ဖြတ်ကျော်လာရာ အဆိုပါ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။ YNRF၊ ဂန့်ဂေါခရိုင် တပ်ရင်း(၁၅)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၁၇) ပူးပေါင်းတပ်များကပူး​ပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

မတ်လ ၁၅ရက် တောင်ဖီလာကွေ့ မိုင်းဆွဲတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိနိုင်ကြောင်း၊ ယင်းနေ့ နေ့လည်ပိုင်း၌ ရွှေခုံတိုင်ရွာအနီး တိုက်ခိုက်မှု တွင်လည်း စစ်ကောင်စီတပ်မှ ၃ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ဖော်ပြသည်။

မတ်လ ၁၆ရက်တွင် ရေရှင်လမ်းကွဲ ဇရပ် အနီးတွင် ရှေ့ပွိုင့်တပ်အား တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၇ဦး သေဆုံးခဲ့သည်ဟုသိရသည်။ ယင်းတိုက်ခိုက်မှု၌ ဂန့်ဂေါခရိုင်တပ်ရင်း-(18)YNRF နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးပစ်ကူခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကားတန်းလုံခြုံရေး စစ်ကြောင်းကိုလည်းထီးလင်း-ပုဏ္ဏားကြားရှိ မိုင်းကွင်းတွင် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးထပ်မံသေဆုံးကာ အများအပြား ဒဏ်ရာရသည်ဟုဆိုသည်။ ထီးလင်းမြို့ထွေအုပ်ရုံးမှ လိုက်ထရပ် ကားနှစ်စီးလာရောက်၍ သေဆုံး၊ဒဏ်ရာရများအားအပြည့်တင်ဆောင်ကာ ထီးလင်းမြို့သို့ ပြန်ဝင်သွားသည်ဟုလည်း ဖော်ပြထားသည်။

ရွှေခုံတိုင်ရွာ၏တောင်ဘက်နားသို့ရောက်ရှိလာသော ယာဉ်တန်းပေါ်မှ အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် မန်ကျည်းပင်စခန်း၌ အရိပ်ခို အနားယူရန် စုစည်းရောက်ရှိစဉ် မိုင်းများ တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မှ ၂၆ဦးသေဆုံးကြောင်းစစ်တပ်တွင်းသတင်း​ပေး( ဖရဲသီး)မှ သတင်းပေးပို့လာသည်ဟု အသိပေးထားသည်။

ထိုအပြင်ရွှေခုံတိုင်ရွာမြောက်ဘက် ကင်းပတ်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၃ဦးသေ၊ လေးဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

စစ်တပ်​သေဆုံးထိခိုက်မှုများကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

စစ်ကြောင်းအထိနာမှုကြောင့် ကားတန်းရှေ့ဆက်မသွားနိုင်ပဲ ရွှေခုံတိုင်ကျေးရွာတွင် ညအိပ်ရပ်နားခဲ့ကြရသည်ဟုဆိုသည်။

ရွှေခုံတိုင်ကျေးရွာမြောက်ဖက် ဇီးတောလမ်းခွဲအနီးတွင် ခေတ္တခနရပ်နားပြီးနောက် စစ်ကောင်စီတပ်က မိုင်းတစ်လုံးအား ဖြုတ်ရန် ကြိုးစားစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ဘေးပတ်ဝန်းကျင်သို့ ရမ်းသန်း ပစ်ခတ်ခဲကြောင်း ဖော်ပြထားသည်။

ဂန့်ဂေါကားလမ်းမကြီးဘေးရွာများရှိ ပြည်သူများ ကြိုတင်သတိထားနေထိုင်ပေးကြရန်လည်းသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။