Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာရသည့်ဒေသခံအရေအတွက် တိုးလာနေ

မတ်လ(၁၇)ရက်မနက်ပိုင်းမှာပင် ရေလဲ(ဗမာ)ဘုန်းကြီးကျောင်းပေါ်သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့်လက်နက်ကြီး(၄)လုံး ပစ်ချခဲ့သည့်အတွက် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်နှင့် ဓမ္မာရုံအမိုးများ ထိခိုက်ပျက်စီးခဲ့ရသည်။

မုန်းမြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာရသည့်ဒေသခံအရေအတွက် တိုးလာနေ
မုန်းမြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာရသည့်ဒေသခံအရေအတွက် တိုးလာနေ

ကော်သူးလေအုပ်ချုပ်နယ်မြေ မူး(မုန်း)မြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ရကာ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်သည်။

မတ်လ(၁၇)ရက်မနက်က စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၃)၊ တပ်ရင်း(၈) ပူးပေါင်းတပ်များအကြား ကေအဲန်ယူ-ခလယ်လွီထူခရိုင် မူးမြို့နယ် ထွနီကုန်းနှင့် ဆေးပုလဲကျေးရွာအကြားတွင် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

နှစ်ဖက်တပ်များ ထိပ်တိုက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး(၄၂)လုံး ပစ်ခတ်ခဲ့ရာ ထွနီကုန်းနှင့် ဆေးပုလဲကျေးရွာအနောက်ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဘာသာရေးအဆောက်အဦး ထိခိုက်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

မတ်လ(၁၇)ရက်မနက်ပိုင်းမှာပင် ရေလဲ(ဗမာ)ဘုန်းကြီးကျောင်းပေါ်သို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့်လက်နက်ကြီး(၄)လုံး ပစ်ချခဲ့သည့်အတွက် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်နှင့် ဓမ္မာရုံအမိုးများ ထိခိုက်ပျက်စီးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထိုသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်မှုကြောင့် ထွနီကုန်းနှင့် ဆေးပုလဲကျေးရွာနှစ်ရွာမှ ဒေသခံပြည်သူ(၁၁၆၂)ဦးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု ကေအဲန်ယူက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လ(၁၄)ရက်ကလည်း စစ်ကောင်စီ၏ ခမရ(၆၀)တပ်ရင်းက ညောင်ကုန်းရွာမှနေပြီး ရေလဲ(ကရင်)ကျေးရွာအတွင်းသို့ လက်နက်ကြီး(၆)လုံးပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအနီးသို့ ကျရောက်ခဲ့ပြီး ဘုရားကျောင်းအမိုး အနည်းငယ်ပျက်စီးခဲ့သလို အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)၏ ထုတ်ပြန်ထားချက်အရ ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်တွင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်လုပ်ဆောင်မှုနှင့် စစ်ရေးဆောင်ရွက်မှုများကြောင့် ဒေသခံပြည်သူလူထု(၁၄၂၀၀၀)ကျော်ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်း(မူး)မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား၂ဦး သေဆုံးခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မုန်း(မူး)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် ထောင်တဲ့ မိုင်းကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သား ၆ဦးထက်မနည်းသေ၊ လက်နက် ၁၁လက်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။