Connect with us

Hi, what are you looking for?

သတင်း

ပူတာအို – မချမ်းဘောဒေသ ရွှေတူးဖော်သည့် ကုမ္ပဏီများက မှော်လုပ်သားများအား အခကြေးငွေအစား မူးယစ်ဆေးပေး အလုပ်ခိုင်းနေဟု KIA ဖော်ပြ

ရွှေတူးဖော်သည့် ကုမ္ပဏီ ပိုင်ရှင်များက လုပ်သားများကို အောက်ပိုင်းဒေသများမှ လုပ်သားများခေါ်ယူပြီး အလုပ်ဝင်စတွင် မူးယစ်ဆေးဝါးအခကြေးငွေမယူဘဲ အလကားပေးဆောင် အလုပ်စေခိုင်းပြီး မူးယစ်ဆေးဆွဲပြီးနောက် ပိုက်ဆံမပေးဘဲ အလုပ်ဆက်လက် စေခိုင်းနေကြောင်း ဖော်ပြထားသည်။

( ကချင်ဒေသရှိ မူးယစ်ဆေးသုံးစွဲနေသူအချို့အား KIA သတင်းပြန်ကြားရေးက ဖော်ပြထားစဉ်)
( ကချင်ဒေသရှိ မူးယစ်ဆေးသုံးစွဲနေသူအချို့အား KIA သတင်းပြန်ကြားရေးက ဖော်ပြထားစဉ်)

ကချင်ပြည်နယ် ပူတာအို – မချမ်းဘောဒေသရှိ ရွှေတူးဖော်နေသည့်ကုမ္ပဏီများက ၎င်းတို့ လုပ်သားများအား လုပ်အားခအစား မူးယစ်ဆေးပေးကာ အလုပ်စေခိုင်းနေကြောင်း ရွှေမှော်လုပ်သားများထံမှ သိရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းနှင့်ပြန်ကြားရေးဌာန၏ ဗမာတိုင်းရင်းသားဘာသာ အစီအစဉ်၌ ဖော်ပြသည်။

ရွှေတူးဖော်သည့် ကုမ္ပဏီ ပိုင်ရှင်များက လုပ်သားများကို အောက်ပိုင်းဒေသများမှ လုပ်သားများခေါ်ယူပြီး အလုပ်ဝင်စတွင် မူးယစ်ဆေးဝါးအခကြေးငွေမယူဘဲ အလကားပေးဆောင် အလုပ်စေခိုင်းပြီး မူးယစ်ဆေးဆွဲပြီးနောက် ပိုက်ဆံမပေးဘဲ အလုပ်ဆက်လက် စေခိုင်းနေကြောင်း ဖော်ပြထားသည်။

အဆိုပါနေရာများ၌ အလုပ်လုပ်သူအများစုမှာ ဗမာ၊ ရှမ်း၊ ရခိုင်လူမျိုးများဖြစ်ပြီး ကချင်လူမျိုးများလည်း ပါဝင်ကာ အများစုမှာ လူငယ်များဖြစ်သည်ဟု ဆိုသည်။

ရွှေတူးဖော်သည့် ကုမ္ပဏီပိုင်ရှင်များက အလုပ်သမားများကို မတရားသဖြင့် အခကြေးငွေအစား မူးယစ်ဆေးဝါး ပေးဆောင်ကာ အလုပ်စေခိုင်းနေသော်လည်း သက်ဆိုင်ရာမှ တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်းနှင့် စစ်ကောင်စီတပ်မှ ရွှေမှော်အနီး ဘိန်းစိုက်ခင်းများ စိုက်ပျိုးလုပ်ကိုင်နေသည်ဟု KIA သတင်းပြန်ကြားရေးက ဆိုသည်။

Public Service Announcement

Public Service Announcement

ပူတာအို – မချမ်းဘောဒေသ၌ ရွှေမှော် ၅၀ ကျော်ရှိပြီး ရွှေတူးဖော်သည့် ကုမ္ပဏီ အားလုံးနီးပါး ရွှေလုပ်သားများကို ငွေကြေးအစား ဘိန်းဖြူ၊ ဘိန်းမဲနှင့် ရာမ စသည့် မူးယစ်ဆေးဝါးများ ပေးဆောင်နေကြောင်း ဖော်ပြထားသည်။

ယင်းဖော်ပြချက်နှင့်ပတ်သက်၍ ဒေသခံအချို့ထံ မေးမြန်းရန် ဆက်သွယ်သော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

Facebook