Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်တိုက်ပွဲ MRA ရဲဘော် ငါးဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသောတိုက်ပွဲ၌ မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)မှ ရဲဘော် ငါးဦးကျဆုံးခဲ့ရသည်။

မြောင်နယ်တိုက်ပွဲ MRA ရဲဘော် ငါးဦးကျဆုံး
မြောင်နယ်တိုက်ပွဲ MRA ရဲဘော် ငါးဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသောတိုက်ပွဲ၌ မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)မှ ရဲဘော် ငါးဦးကျဆုံးခဲ့ရသည်။

မတ်လ ၂၄ရက်က စစ်ကောင်စီတပ်နှင့်တိုက်ပွဲတွင် မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)မှ ရဲဘော်ဖေကြီး၊ ရဲဘော်ပွကြီး၊ ရဲဘော်အရှည်ကြီး၊ ရဲဘော်ဘီလူးနှင့် ရဲဘော်ကျောက်ဆည်တို့ ကျဆုံးခဲ့ရကြောင်း MRAက အသိပေးသည်။

ရဲဘော်များ၏ စွန့်လွှတ်စွန့်စားမှုနှင့်သတ္တိကို အစဥ်အောက်မေ့လျက် ပြည်သူ့တော်လှန်ရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု MRAက ကတိပြုထားသည်။

ဖြစ်စဥ်နှင့်ပတ်သတ်၍ MRAထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

“(စစ်ကောင်စီဘက်ကသေဆုံးမှု)ခန့်မှန်းခြေစုစုပေါင်း ၅၀နီးပါးလောက်ရှိမယ်။ ဒဏ်ရာရတဲ့သူလည်းတော်တော်များတယ်။ မတ်လ ၂၃ရက်မှာ တိုက်ပွဲထပ်ဖြစ်တယ်။ ကိုယ့်ဘက်က ငါးယောက်ကျတယ်လို့ သိရတယ်။”ဟု SPDF -မြင်းခြံခရိုင်တပ်ရင်း (၃) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းသည် မြင်းမူနယ်အတွင်း၌ ဒေသခံပြည်သူများအားသတ်ဖြတ်ပြီး မြောင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန် မတ်လ ၁၂ ရက်တွင် အင်အား ၂၀၀ခန့်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းအား ဒေသတွင်းအဖွဲ့များကတိုက်ခိုက်ခဲ့ရာ မတ် ၁၅ရက်တွင် ၈ ဦး ၊ M2W ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၆ဦး ၊ ၁၆ရက်တွင် ၉ ဦး၊ ၂၁ ရက်တိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင် ၁၉ ဦး စုစုပေါင်း ၄၂ဦး သေဆုံးခဲ့သည်။

မြောင်မြို့နယ်တွင် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်းကြောင့် PDFစခန်းနှစ်ခု စီးနင်းမီးရှို့ခံရပြီး ရဲဘော်တစ်ဦးကျဆုံးကာ ဒေသခံပြည်သူလေးဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ ထို့အပြင် ဒေသခံပြည်သူများ၏နေအိမ်အများအပြားလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကာ လက်ဝတ်လက်စားနှင့်အဖိုးတန်ပစ္စည်းများစွာ သိမ်းဆည်းခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။