Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်က အပြတ်ချေမှုန်းမည်ဟုပြောခြင်းမှာ အာဏာသိမ်းစကတည်းဟု KNU တုံ့ပြန်

KNU၏ ပေါ်လစီမှာ ရှင်းလင်းကြောင်း၊ စစ်တပ်အနေဖြင့် ဘယ်တော့မှ နိုင်ငံရေး၌ ပြန်ဝင်လာစရာ အကြောင်းမရှိကြောင်း၊ ယင်းမူအတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

KNU ပြောခွင့်ရ ပဒိုစောတောနီး
KNU ပြောခွင့်ရ ပဒိုစောတောနီး

“တကယ်တန်းကျ ဘယ်နေရာမှာ သူ့ထိန်းချုပ်လို့မရဘူးဆိုတာရှင်းနေတာပဲ”ပဒိုစောတောနီး

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့အား အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ယနေ့ စစ်ကောင်စီ၏ တပ်မတော်န့ အခမ်းအနား၌ ပြောဆိုခဲ့ရာ အာဏာသိမ်းစကတည်းက ထိုသို့ ပြောဆိုနေခြင်းဖြစ်ပြီး မည်သည့်နေရာမှ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်းကို အားလုံးအသိဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

မတ်လ ၂၇ရက်တွင် ကျရောက်သည့် စစ်ကောင်စီ၏ တပ်မတော်နေ့ အခမ်းအနားမတိုင်မီ ရက်များအတွင်းက ကရင်နီဒေသ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၄၀ ကျော်ကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းအပါအဝင် ဒေသအသီးသီးရှိ တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်များပြား အထိနာနေသော်လည်း မင်းအောင်လှိုင်က NUG၊PDFနှင့် ကူညီနေသည့် တိုင်းရင်းသားအဖွဲ့အချို့ကို ချေမှုန်းမည်ဟု ကျုံးဝါးခဲ့သည်။ ယင်းသို့ ပြောဆိုချက်နှင့်ပတ်သက်ပြီး ကရင်အမျိုးသားမီဒီယာက KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် မေးမြန်းဖော်ပြချက်ကို ယနေ့ ညပိုင်း၌ ဖော်ပြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်

စစ်ကောင်စီ ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေး ကြေညာမှုကို ကြည့်ပါက စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်စွမ်းမရှိတော့သည်ကို မြင်ရမည်ဖြစ်ကြောင်း၊ KNU ခရိုင်၊ တပ်မဟာခုနစ်ခုရှိသော်လည်း KNUထိန်းချုပ်နယ်မြေ ထဲ၌ ကြားအင်းဆိပ်ကြီး၊ ကော့ကရိတ် အပါအဝင် မြို့နယ် သုံးခုသာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော်လည်း အခြားနေရာများ၌လည်း စစ်ကောင်စီ ထိန်းချုပ်နိုင်စွမ်းမရှိဟု ပဒိုစောတောနီးက ပြောသည်။

“တကယ်တန်းကျ ဘယ်နေရာမှာ သူ့ထိန်းချုပ်လို့မရဘူးဆိုတာရှင်းနေတာပဲ” ဟု ပဒိုစောတောနီးက ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်မှုမှာ၌ နည်းလမ်းပေါင်းစုံသုံးနေကြောင်း၊ အစုအပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခြင်း ၊ လူကို ခေါင်းဖြတ်ပြီး တိုင်မှာ ချိတ်ခြင်း အပါအဝင် လူထုများ ကြောက်လန့်စေရန် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြောင်း ပဒိုစောတောနီးက စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို မီးမောင်းထိုးပြသည်။

“ဒါပေမယ့် ရလာတဲ့ ရလဒ်ကအဲဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ လူထုက မကြောက်တဲ့အပြင် ပိုပြီးတော့ သူ့ကို ဆန့်ကျင်တော်လှန်မှုတွေက ပိုပြီးတော့ အားကောင်းကောင်းနဲ့ ဖြစ်နေတာ။ သူက အပြတ်ချေမှုန်းမယ်ဆိုတာ စပြီးတော့ အာဏာသိမ်းကတည်းက ပြောနေတာပဲလေ။ အခု အာဏာသိမ်းတာ နှစ်နှစ်ပြည့်ပြီးပြီ ဒါပေမဲ့ ခုခံတဲ့အနေအထားက လျော့ကျမသွားဘဲ ပိုပြီးတော့ အားကောင်းလာဖို့ပဲရှိပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

ထို့ပြင် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်သည် အင်မတန် ဗလောင်းဗလဲနိုင်သည့်သူဖြစ်ပြီး ၎င်း၏ စကားကို အတည်ယူ၍လည်းမရနိုင်ကြောင်း ပဒိုစောတောနီးက ပြောသည်။

“သူကလည်း လုပ်ချင်တဲ့ဟာပဲလျှောက်လုပ်နေတာ။” ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးကို ပါးစပ်ဖြင့် ပြောနေ၍ မရကြောင်း ပဒိုစောတောနီးက ပြောသည်။

“တကယ်တန်းလက်တွေ့ အကောင်အထည်ဖော်ရာမှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု ဒီလောက်ပျက်ပြားနေတဲ့ ဒီနိုင်ငံထဲမှာ ရှိနေတဲ့အချိန် ဒီလောက် ပြည်သူလူထုကို နှိပ်စက်ညှင်းပန်းပြီးတော့ သတ်ဖြတ်နေတဲ့ ဒီလိုအဖွဲ့အစည်းမျိုးကို ဘယ်လိုနည်းနဲ့သွားပြီးတော့ ယုံကြည်မှု ဘယ်လိုတည်ဆောက်မလဲ။ ရှိထားတဲ့ ကတိမှန်သမျှကလည်း တစ်ခါမှ ကတိမတည်တဲ့သူဆိုတော့ ဘယ်လိုနည်းနဲ့ ယုံကြည်မှု ပြန်တည်ဆောက်မလဲ။ ဒီနေ့ ဒီကာလမှာ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်းမရှိတော့ဘူး” ဟု ပဒိုစောတောနီးက ပြောသည်။

KNU၏ ပေါ်လစီမှာ ရှင်းလင်းကြောင်း၊ စစ်တပ်အနေဖြင့် ဘယ်တော့မှ နိုင်ငံရေး၌ ပြန်ဝင်လာစရာ အကြောင်းမရှိကြောင်း၊ ယင်းမူအတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအရှေ့ခြမ်း ၊ညောင်လေးပင်ခရိုင်ထဲမှာ KNU တပ်မဟာ (၃) နဲ့ စစ်ကောင်စီတပ်တို့ကြား အခုနှစ် ခြောက်လ တာ အတွင်း တိုက်ပွဲပေါင်း ၃၀၀ ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ခလယ်လွီခရိုင်( ညောင်လေးပင်) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပုဂံ၊ညောင်ဦးမြို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ စစ်တပ်က မြို့ပေါ်မှာလုံခြုံရေးတင်းကြပ်နေပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတယ်လို့ အဲဒီဒေသတွင်းက တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီး၊လက်နက်ငယ်များစွာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယနေ့(ဇူလိုင် ၁၃ရက်) ထုတ်ပြန်သည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ချီးကျူးမြှောက်ပင့်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် အမေရိကန် သတ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။