Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုကားကွင်းအနီးဗုံးပေါက်၊ ပြည်သူ တစ်ဦးသေပြီး ၂၀ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့အဝင်၌ တင်းကြပ်စွာစစ်ဆေးလေ့ရှိပြီး ကျေးရွာမှမြို့ပေါ်တက်ကာအရောင်းအဝယ်ပြုလုပ်သူများ မကြာခဏအခက်အခဲများကြုံနေရကြောင်း ဒေသခံများက ပြောသည်။

မိုင်းပေါက်ကွဲပြီးနောက်အခင်းဖြစ်ရာနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Myanmar Rescue Organization-Shwe Bo
မိုင်းပေါက်ကွဲပြီးနောက်အခင်းဖြစ်ရာနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Myanmar Rescue Organization-Shwe Bo

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကောင်စီအရာရှိများရောက်ရှိနေ၍ စစ်သားများနေရာအနှံ့ချထားချိန် ကားကွင်းအနီးရှိတံတားပေါ်တွင် မိုင်းကွဲ၍ သေကလေးငယ်တစ်ဦးအပါအဝင် ၂ဝကျော်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ယနေ့ (မတ်လ ၂၈ ရက်)နံနက်ပိုင်းက ရွှေဘိုမြို့တွင် စစ်ကောင်စီအရာရှိများ အောင်မြေလာနင်းသည်ဟုဆိုကာ ​အောင်မြေဘုရား၊ နန်းတော်ပတ်လည်နေရာများအပါအဝင် မြို့တွင်းနေရာများ၌ စစ်ကောင်စီတပ်များ လုံခြုံရေးချထားခဲ့ကြောင်း၊ လုံခြုံရေးများရှိနေသည့်ကြားက ကားကွင်းအနီးတံတားပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၁၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

တံတားပေါ်လူနာများ ကောက်ပြီးချိန် ဒုတိယအကြိမ် ကားကြီးကွင်းမြောက်ဘတ် လမ်းပေါ်တွင် ဒုတိယအကြိမ်ထပ်မံ မိုင်းကွဲခဲ့ကြောင်း၊ ကလေးငယ် နှစ်ဦးအပါအဝင် အမျိုးသား ၁၂ ဦး၊ အမျိိုးသမီးလူနာ ၈ ဦး၊ အနီရောင်ဆင့် ၇ ဦး ၆ ဦးမန္တလေးလွဲပြောင်းထားကြောင်း၊ ဆေးရုံရောက်ရှိချိန် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း Myanmar Rescue Organization-Shwe Boအဖွဲ့က သတင်းထုတ်ပြန်သည်။

စုစုပေါင်းလူနာအရေတွက် ၂၀ ဦးအားလူနာတင်ယာဉ် ၃ စီး၊ ထောက်ကူပြုယာဉ် တစ်စီးရွှေဘို ဆေးရုံကြီးOPDသို့ကူညီပို့ဆောင်ခဲ့ကြောင်း၊ အမှတ်(၆)ရပ်ကွက် သိရိမင်္ဂလာရပ်ကွက်တွင်လည်း တတိယအကြိမ် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း Myanmar Rescue Organization-Shwe Boအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ခပ်ကြီးကြီးကောင်တွေ ရွှေဘိုလာပြီး အောင်မြေလာနင်းတာတဲ့။ လုံခြုံရေးတွေ တစ်မြို့လုံးချထားပြီး ခုမနက် ရွှေဘိုမှာ ဗုံးကွဲတာစဥ်းစားစရာပါပဲ။”ဟု နယ်ခံတစ်ဦးက ပြောသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းနေပြီး ပြည်သူများထိခိုက်သေဆုံးမှုရှိသည်ဟု သိရကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့လည်းကြားတယ်။ နီးစပ်ရာအဖွဲ့တွေလိုက်မေးတော့လည်း သူတို့လုပ်တာမဟုတ်ဘူးလို့ပြောတယ်။ထပ်စုံစမ်းနေတယ်။”ဟု အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့အဝင်၌ တင်းကြပ်စွာစစ်ဆေးလေ့ရှိပြီး ကျေးရွာမှမြို့ပေါ်တက်ကာအရောင်းအဝယ်ပြုလုပ်သူများ မကြာခဏအခက်အခဲများကြုံနေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။