Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးပစ်ခတ်နေ၍ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးမြို့ပေါ်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီရှိ စစ်ကောင်စီတပ်သားများသည် မြို့နယ်အတွင်းရှိ ကျေးရွာများအား မကြာခဏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)
(ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်နေ၍ ကျေးရွာများမှ ဒေသခံပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ (မတ်လ ၂၉ ရက်) နံနက်ပိုင်းက ဆားလင်းကြီးမြို့ပေါ်မှ စစ်ကောင်စီစစ်ကြောင်းသည် ပစ်ခတ်ဝင်ရောက်လာ၍ ဆားထုံးအုပ်စု၊တုံအုပ်စု၊ဖောင်းကတာအုပ်စုရှိ ကျေးရွာများမှ ဒေသခံပြည်သူတစ်သောင်းကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ဆားလင်းကြီးမြို့ပေါ်ကနေ ရွာတွေဘက် စစ် ကြောင်းထိုးလာတာပါ။ ရွာပေါင်း ၁၃ရွာလောက် ပြေးနေရပါတယ်။ ထိခိုက်သေဆုံးတာတွေတော့ မကြားမိသေးပါဘူး။”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်းပိုင်း၊ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပိုင်းများအား အရေးပေါ်ပိတ်ထားကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့ပေါ်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီရှိ စစ်ကောင်စီတပ်သားများသည် မြို့နယ်အတွင်းရှိ ကျေးရွာများအား မကြာခဏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။