Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်တွင် အိန္ဒိယနိုင်ငံသား ၃ဦးအသတ်ခံရမှုနှင့်လုံးဝမပတ်သက်ဘဲ အမှုမှန်​ပေါ်​ပေါက်​ရေးကူညီပံ့ပိုးရန်အသင့်ရှိ​ကြောင်းCDF-မင်းတပ်ထုတ်ပြန်

CDF-Mindat ကလည်းစစ်အာဏာရှင်ရန်ကြောင့် နယ်စပ်ဖြတ်ကျော်ထွက်ပေးလာသည့် မြန်မာနိုင်ငံသားများအား ခိုလှုံခွင့်ပေးခဲ့သည့် မီဇိုရမ်ပြည်နယ်အစိုးရနှင့် မီဇိုယမ်လူမှုအသိုက်အဝန်းကို ကျေးဇူးတင်စကား ပြောကြားထားသည်။

နယ်စပ်တွင် အိန္ဒိယနိုင်ငံသား ၃ဦးအသတ်ခံရမှုနှင့်လုံးဝမပတ်သက်ဘဲ အမှုမှန်​ပေါ်​ပေါက်​ရေးကူညီပံ့ပိုးရန်အသင့်ရှိ​ကြောင်းCDF-မင်းတပ်ထုတ်ပြန်
နယ်စပ်တွင် အိန္ဒိယနိုင်ငံသား ၃ဦးအသတ်ခံရမှုနှင့်လုံးဝမပတ်သက်ဘဲ အမှုမှန်​ပေါ်​ပေါက်​ရေးကူညီပံ့ပိုးရန်အသင့်ရှိ​ကြောင်းCDF-မင်းတပ်ထုတ်ပြန်

▪︎မြန်မာနိုင်ငံသားများကျူးလွန်​ကြောင်းစွပ်စွဲမှုများရှိ​နေ၍ စိုးများစွာစိုးရိမ်မကင်းဖြစ်ဟု NUG ထုတ်ပြန်

မီဇိုရမ်ပြည်နယ်နှင့်ချင်းပြည်နယ်နယ်စပ်၌ ဖြစ်ပွားခဲ့သော လူသုံးဦးသတ်ဖြတ်ခံရသည့်ဖြစ်ရပ်သည် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF-Mindat အနေဖြင့် လုံးဝပတ်သက်မှုမရှိကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိသည့် အဖွဲ့အစည်း များကို တတ်စွမ်းသမျှ ကူညီပံ့ပိုးရန် အသင့်ရှိကြောင်း CDF-Mindat ထုတ်ပြန်ကြေညာသည်။

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ချင်းပြည်နယ် နယ်စပ်၌ မတ်လ ၂၂ရက်က အိန္ဒိယနိုင်ငံသားသုံးဦးသတ်ဖြတ်ခံရသည့်အမှုဖြစ်ပွားခဲ့ပြီး အတည်မပြုနိုင်သေးသော ကနဦးသတင်းများအရ ယင်းလူသတ်မှုသည် ချင်းလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်နေသည်ဟု အိန္ဒိယသတင်းစာအချို့က မတ်လ ၂၇ရက်တွင် ဖော်ပြခဲ့သည်။

ထိုဖြစ်ရပ်သည် CDF-Mindat နှင့်ပတ်သက်နေသယောင် မဟုတ်မမှန်ပြောဆိုရေးသားမှုများ ရှိသည်ဟု ကြားသိရသောကြောင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ စုံစမ်းမေးမြန်းကြည့်ရာ မကွေးတိုင်းဒေသကြီး၊မြိုင်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများက လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန်လှူဒါန်းသည့် ငွေကြေးများနှင့် ပတ်သက်နေကြောင်း ကြားသိရသည်ဟု CDF-Mindatက ထုတ်ပြန်သည်။ ထိုဒေသရှိ စစ်ဘေးရှောင် ပြည်သူများက ရှိစုမဲ့စုလှူဒါန်းသောငွေကြေးများဖြင့် လိုအပ်သောပစ္စည်းများဝယ်ယူရန် လှူဒါန်းငွေကို မီဇိုရမ်ပြည်နယ်ရှိ ပြည်သူတစ်ဦးထံ မြိုင်မြို့နယ်မှ

၎င်းငွေကြေးနှင့် ပတ်သတ်၍ တာဝန်ရှိသူကိုဂျက် နှင့် မင်းတပ်မြို့နယ်နေ ဆလိုင်းအောင်လိန်းတို့မှ ယုံကြည်စွာ အပ်နှံထားခဲ့ရာ ထိုအပ်နှံငွေများပြန်လည်တောင်းခံစဉ် ယခုကဲ့သို့ လူသတ်မှုဖြစ်ပွားခဲ့သည်ဟု ကြားသိသဖြင့်ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF-Mindat အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆလိုင်းအောင်လိန်းသည် အချို့သူများစွပ်စွဲသကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)CDF-Mindat ၏တပ်ဖွဲ့ဝင် တစ်ဦးမဟုတ်ဘဲ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် မြိုင်မြို့နယ်စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သောပစ္စည်းများ ကြားခံဝယ်ယူ ဆောင်ရွက်ပေး သူသာဖြစ်ကြောင်းနှင့် ဤလူသတ်မှုဖြစ်ရပ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF-Mindat အနေဖြင့် လုံးဝပတ်သက်မှုမရှိကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိသည့် အဖွဲ့အစည်း များကို တတ်စွမ်းသမျှ ကူညီပံ့ပိုးရန် အသင့်ရှိကြောင်း CDF-Mindatက ထုတ်ပြန် ကြေညာထားသည်။

ထို့အပြင်အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုအမှုနှင့်ပတ်သက်၍ ယနေ့ညတွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သားသုံးဦးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ကျန်ရစ်သူ မိသားစုဝင်များ နှင့် ထပ်တူ များစွာ စိတ်မကောင်းဖြစ်ရပြီး ထိုဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသားအချို့အား စွပ်စွဲပြောဆိုမှုများလည်း လူမှုကွန်ယက်များတွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျှက်ရှိသဖြင့် များစွာ စိုးရိမ်မကင်းဖြစ်မိသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမှုမှန်ပေါ်ပေါက်ပြီး ကျုးလွန်သူများအား ဖမ်းဆီးရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသန္တရအစိုးရနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာတာဝန်ရှိသူများ၏ တရားနည်းလမ်းကျသော ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများကို အလေးအနက် ထောက်ခံသည်ဟု ထုတ်ပြန်ထားသည်။ ထို့အပြင် အိန္ဒိယနိုင်ငံတွင် ခိုလှုံနေထိုင်နေကြသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ဒေသခံပြည်သူများနှင့် အပြန်အလှန်လေးစားတန်ဖိုးထားမှုရှိသောဆက်ဆံရေးများကို တည်ဆောက်ပြီး ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးထိန်းသိမ်းဆောင်ရွက်မှုများတွင် ပူးပေါင်းကူညီပေးကြပါရန်အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနကတိုက်တွန်းထားသည်။

CDF-Mindat ကလည်းစစ်အာဏာရှင်ရန်ကြောင့် နယ်စပ်ဖြတ်ကျော်ထွက်ပေးလာသည့် မြန်မာနိုင်ငံသားများအား ခိုလှုံခွင့်ပေးခဲ့သည့် မီဇိုရမ်ပြည်နယ်အစိုးရနှင့် မီဇိုယမ်လူမှုအသိုက်အဝန်းကို ကျေးဇူးတင်စကား ပြောကြားထားသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာ မတရားသိမ်းယူပြီးနောက် အကြမ်းဖက်ဖျက်ဆီးတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်အတွင်းရှိ စစ်ဘေးသင့် ပြည်သူ အများအပြားသည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရပြီး မီဇိုရမ်ပြည်နယ် အစိုးရနှင့် မီဇိုရမ်ပြည်သူအားလုံးက သွေးသားရင်းခြာလို ခိုလှုံခွင့်ပေးပြီး စောင့်ရှောက်ပေးခဲ့ကြသည့်အတွက် မီဇိုရမ်ပြည်နယ်အစိုးရနှင့်မီဇိုရမ်ပြည်သူမျ၊ မီဇိုရမ် NGOအဖွဲ့အစည်းများအား ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF-Mindat အနေဖြင့် လှိုက်လှဲစွာကျေးဇူးတင်ရှိသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဘက်တွင် သေဆုံးလျှက်တွေ့သော မီဇိုရမ်ဒေသခံအမျိုးသမီးတစ်ဦး၊အမျိုးသားနှစ်ဦးအမှုကိုစုံစမ်းစစ်ဆေးနေကြောင်း အိန္ဒိယရဲအရာရှိကြီးတစ်ဦးကို ကိုးကား၍ The Times of India က ဖော်ပြထားသည်။မြန်မာအာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသော ချင်းလက်နက်ကိုင်အဖွဲ့ဝင်များက လက်နက် အရောင်းအဝယ်ကိစ္စတစ်ခုတွင်ငွေလိမ်ခံရခြင်းအတွက် သတ်ဖြတ်ခဲ့ခြင်းဟု The Times of India သတင်းစာတွင်ဖော်ပြထားသည်။

လူသတ်မှုဖြစ်ပွားပြီး​နောက် နယ်စပ်မှ မြန်မာနိုင်ငံသားများဝင်​ရောက်ခွင့် မပြုဘဲ ယာယီပိတ်ထား​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာအနီး မြန်မာ-တရုတ်နယ်စပ်တလျှောက် အပါအဝင် KIO/KIA ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၃ရက်မှာ ကင်းထောက်လေယာဉ်နဲ့ ၂ကြိမ် ပျံဝဲခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

Facebook