Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီ​ရှေ့တန်းက မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတစ်ပုံဂုဏ်သိက္ခာကြီးမားတဲ့Word Press Photo ဆုရရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေက ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက် တစ်ဦးရဲ့ ရုပ်အလောင်းကို ထမ်းပိုး သယ်ဆောင်ရင်း ပြန်လာကြပုံကို ရိုက်ကူးထားတဲ့ မှတ်တမ်း ဓာတ်ပုံဟာ အရှေ့တောင်အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန် နယ်မြေအတွက် Singles ဓာတ်ပုံ ကဏ္ဍမှာ ဆုရခဲ့တာ ဖြစ်ပါတယ်။

Photo : Mauk Kham Wah

သတင်းဓါတ်ပုံဆု​တွေ ထဲမှာ သြဇာကြီးမားတဲ့ World Press Photo ရဲ့ ၂၀၂၃ ခုနှစ်အတွက် ဒေသအလိုက် ချီးမြှင့်တဲ့ သတင်းဓာတ်ပုံတွေဆုမှာကရင်နီပြည်နယ်​ရှေ့တန်းတစ်​နေရာမှာ ဓာတ်ပုံဆရာ မောက်ခမ်းဝါ ရိုက်ကူးထားတဲ့ Retrieving the Dead ဓာတ်ပုံကို ရွေးချယ်ခံရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေက ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက် တစ်ဦးရဲ့ ရုပ်အလောင်းကို ထမ်းပိုး သယ်ဆောင်ရင်း ပြန်လာကြပုံကို ရိုက်ကူးထားတဲ့ မှတ်တမ်း ဓာတ်ပုံဟာ အရှေ့တောင်အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန် နယ်မြေအတွက် Singles ဓာတ်ပုံ ကဏ္ဍမှာ ဆုရခဲ့တာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်က မိုးဗြဲမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က အာဏာသိမ်း စစ်ကောင်စီ တပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး ပြန်လည် ဆုတ်ခွာလာတဲ့ PDFတွေက သူတို့ရဲ့ ကျဆုံး ရဲဘော် တစ်ဦးရဲ့ အလောင်းကို မရရအောင် ပြန်သယ်လာတာကို ဓာတ်ပုံဆရာက မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။

PDF တပ်ဖွဲ့ဝင် တစ်ဦးက ကျဆုံးရဲဘော်ကို ကျောပိုး သယ်ယူလာတဲ့အချိန် ရဲဘော်တချို့က နွမ်းနွမ်းလျလျနဲ့ လိုက်ပါလာရင်း ရိုးပြတ် ကိုင်းတောတစ်ခုကို ဖြတ်လျှောက်နေကြချိန်မှာ အဲဒီဓာတ်ပုံကို ရိုက်ကူးထားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ကာယကံရှင် ဓာတ်ပုံဆရာကတော့ အဲဒီနေ့က တိုက်ပွဲဟာ သူ့ဘဝမှာ ကြုံဖူးသမျှ အကျည်းတန်ဆုံး ညနေခင်း တစ်ခုအဖြစ် Facebookမှာ ရေးသားမျှဝေထားတာကို တွေ့ရပါတယ်။ အဲဒီဓာတ်ပုံက ဆုရခဲ့ပေမယ့် ရင်နင့်ကြေကွဲစွာ မှတ်တမ်းတင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံဖြစ်တယ်လို့လည်း ဓာတ်ပုံဆရာက ရေးသားထားပါတယ်။

၂၀၂၁ မှာ ဒီမိုကရေစီ အစိုးရကို လက်နက် အားကိုးနဲ့ အဓမ္မ ဖြုတ်ချပြီးစစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် PDFဟာ လက်နက်ကိုင် တော်လှန်ရေး အင်အားစု တစ်ခုအနေနဲ့ ဖွဲ့စည်း ပေါ်ပေါက်လာပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေနဲ့ပါ ပူးပေါင်းရင်း စစ်တပ်ကို တော်လှန်နေကြောင်း Word Press Photoက ဖော်ပြထားပါတယ်။

မောက်ခမ်းဝါဟာ ဓာတ်ပုံဆရာ၊ ရုပ်ရှင် ဖန်တီးသူနဲ့ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီကို ရဲရဲရင့်ရင့် တွန်းလှန် တိုက်ခိုက်နေတဲ့ ကရင်နီ (ကယား) လူငယ် အမျိုးသား အမျိုးသမီးတွေနဲ့အတူ ရှေ့တန်းထိ လိုက်ပါပြီး ဓာတ်ပုံမှတ်တမ်းတွေ ရယူနေသူ ဖြစ်ပါတယ်။ သူဟာ စစ်မြေပြင်က ကြမ်းတမ်းတဲ့ တိုက်ပွဲတွေ၊ ရဲဘော်ရဲဘက် စိတ်ဓာတ်နဲ့ ကြေကွဲစရာ မြင်ကွင်းတွေကို သမိုင်းမှတ်တမ်း တင်ပေးနေသူ တစ်ဦးအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။​ရှေ့တန်းစစ်​မြေပြင်​တွေမှာ အန္တရာယ်​တွေကြားစွန့်စွန့် ဒီလိုမှတ်တမ်းတင်ပြီး ဖြန့်​ဝေ​ပေး​နေတဲ့ ဓါတ်ပုံသတင်း​ထောက်​တွေ၊ သတင်းစာဆရာ​တွေ​ကြောင့် ကမ္ဘာက မြန်မာ​နွေဦး​တော်လှန်​ရေးကို ပိုမိုအာရုံစိုက်လာ​၊သိလာ​စေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။