Connect with us

Hi, what are you looking for?

သတင်း

NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းမှုကို အမေရိကန် ပြင်းထန်စွာရှုတ်ချ

အာဏာရှင်အဖွဲ့အစည်း၏ ပြစ်ချက်များစွာပြည့်နှက်နေသည့် ရွေးကောက်ပွဲသည် ကျင်းပဖြစ်ခဲ့မည်ဆိုပါကလည်း မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များ၏ ဆန္ဒကို ကိုယ်စားပြုလိမ့်မည် မဟုတ်ကြောင်း ယခုလုပ်ရပ်က ထပ်လောင်းဖော်ပြကြောင်း ဝန်ကြီးဘလင်ကန်က ထုတ်ပြန်သည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ ပြည်သူများက NLD အလံကိုင်ဆောင်ကာ စုဝေးဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ၁၇ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ ပြည်သူများက NLD အလံကိုင်ဆောင်ကာ စုဝေးဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ၁၇ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

▪️စစ်ကောင်စီ၏ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါကလည်း ပြည်သူများ၏ဆန္ဒကို ကိုယ်စားပြုမည်မဟုတ်ဟုဆို

စစ်အာဏာရှင်အဖွဲ့အစည်း လက်အောက်ခံရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ​၄၀ ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခြင်းအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ထုတ်ပြန်သည်။

ပြည်သူများသည် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် NLD နှင့် အခြားပါတီများကိုသာ တခဲနက် ပြန်လည်ရွေးချယ်ပြီး ထောက်ခံမဲပေးခဲ့ကြကြောင်းနှင့် နိုင်ငံရေးပါတီများကို ဖျက်သိမ်းသည့် စစ်အာဏာရှင်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများ၏ ဆန္ဒသဘောထားနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ပြီးမထေမဲ့မြင်ပြုကြောင်း ဖော်ပြနေသည်ဟု ဝန်ကြီးဘလင်က ဆိုသည်။

အာဏာရှင်အဖွဲ့အစည်း၏ ပြစ်ချက်များစွာပြည့်နှက်နေသည့် ရွေးကောက်ပွဲသည် ကျင်းပဖြစ်ခဲ့မည်ဆိုပါကလည်း မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များ၏ ဆန္ဒကို ကိုယ်စားပြုလိမ့်မည် မဟုတ်ကြောင်း ယခုလုပ်ရပ်က ထပ်လောင်းဖော်ပြကြောင်း ဝန်ကြီးဘလင်ကန်က ထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံရေးအတိုက်အခံပြုခြင်းကို ပိတ်ပင်ထိန်းချုပ်ရန်နှင့် အများပြည်သူ လွတ်လပ်စွာပြောဆိုလုပ်ကိုင်ခွင့်ရှိသည့် ပြည်သူ့အဝန်းအဝိုင်းကို မြေလှန်အမြစ်ဖြတ်ရန် အာဏာရှင်အဖွဲ့အစည်းက ဆက်လက်ကြိုးပမ်းနေမှုများသည် ၎င်းတို့၏ အာဏာနှင့် အကျိုးစီးပွားများ ပိုမိုတည်တံ့ခိုင်မြဲစေရန် ကြံဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်အနေဖြင့် ယခုလျှောက်လှမ်းလျက်ရှိသည့် လမ်းကြောင်းကို နောက်ကြောင်းပြန်လှည့်ရန်၊ မြန်မာပြည်သူများအပေါ် အကြမ်းဖက်ခြင်းကို ရပ်တန့်ရန်၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ လိုက်နာဆောင်ရွက်ရမည့်အချက်များကို လေးစားလိုက်နာရန် အမေရိကန်ပြည်ထောင်စုက တောင်းဆိုသည်။

အမေရိကန်သည် စစ်မှန်သောပါတီစုံဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လေးစားတန်ဖိုးထားရေးတို့အတွက် အားပေးထောက်ခံသွားရန် ၎င်းတို့၏ သံန္နိဋ္ဌာန်မှာ ဆက်လက်ခိုင်မာလျက်ပင် ရှိကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

နိုင်ငံတကာ

အမေရိကန် နိုင်ငံမှာ လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ပြီး လူ ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။