Connect with us

Hi, what are you looking for?

သတင်း

မြိတ်-ဘုတ်ပြင်း ပြည်​ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲဖြစ်နိုင်၍ လမ်းပိုင်း ၂ ခုအသုံးမပြုရန် PDF သတိ​ပေး

မြိတ်မြို့နယ်ကြေးနန်းတိုင်တံတားမှ စ၍ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနှင့် ထုံခါ- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း သွားလာခြင်းတို့အား ယနေ့(ဧပြီလ ၃ရက်)မှစတင်၍ တားမြစ်လိုက်ခြင်းဖြစ်သည်။

မြိတ်-ဘုတ်ပြင်း ပြည်​ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲဖြစ်နိုင်၍ လမ်းပိုင်း ၂ ခုအသုံးမပြုရန် PDF သတိ​ပေး
မြိတ်-ဘုတ်ပြင်း ပြည်​ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲဖြစ်နိုင်၍ လမ်းပိုင်း ၂ ခုအသုံးမပြုရန် PDF သတိ​ပေး

တနင်္သာရီမြို့နယ်တွင် စစ်ရေးများတင်းမာနေပြီး မြိတ်-ဘုတ်ပြင်းပြည်ထောင်စုလမ်းမ ကြီးပေါ်၌ အချိန်မရွေးတိုက်ပွဲများ ဖြစ်ပေါ် နိုင်သဖြင့် ဒေသတွင်း လမ်းပိုင်းနှစ်ခုကို အသုံးပြုခွင့် ယနေ့မှစ၍ တားမြစ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

မြိတ်မြို့နယ်ကြေးနန်းတိုင်တံတားမှ စ၍ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနှင့် ထုံခါ- မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်း သွားလာခြင်းတို့အား ယနေ့(ဧပြီလ ၃ရက်)မှစတင်၍ တားမြစ်လိုက်ခြင်းဖြစ်သည်။

” ဤသတိပေးချက်သည်အများပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ထုတ်ပြန်ခြင်းဖြစ်ပြီး အလေးထားလိုက်နာကြရန်နှင့် မိမိတို့တော်လှန်ရေး အဖွဲ့အစည်းများမှ ပြန်လည်မရုတ်သိမ်းမီအချိန်အထိ အတည်ဖြစ်သည်”ဟု​ဖော်ပြထားသည်။

“သတိပေးချက်တွေကိုလိုက်နာပေးကြပါ။ စစ်ကောင်စီကလည်း အရပ်သားတွေနဲ့ ရောနှောပြီး လိုက်လာတာတွေရှိသလို မြေပြင်မှာလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့်ပါ” ဟု ဟုမြိတ်ခရိုင် တပ်ရင်း (၁)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒေသတွင်း စစ်ရေးတင်းမာနေ၍ ပြည်​ထောင်စုလမ်းတွင်ခရီးသွားလာခွင့် တားမြစ်ထားစဥ် ခရီးသည်တင်ကားတစ်စီးအားဧပြီလ ၁ ရက်နေ့ ည ၈ နာရီခန့်က မှားယွင်းပစ်ခတ်မှု ဖြစ်ခဲ့သည်။တနင်္သာရီမြို့နယ်၊လယ်တောင်ရွာနှင့် တမုန်ချုံရွာကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ‌ ဖြတ်သန်းခွင့်ပိတ်ထားချိန် မောင်းနှင်လာသည့် ခရီးသည်တင်ကားကိုရပ်​ပေးရန်တားမြစ်​သော်လည်းမောင်းပြေး၍ စစ်ကောင်စီတပ်ဖွဲ့က ခရီးသည်အသွင်ယူလာသည်ဟုထင်ကာ ပစ်ခတ်မိခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်)၊တပ်ရင်း-၂က ထုတ်ပြန်ထားသည်။ ထိုဖြစ်စဉ်တွင် က​လေးငယ်တစ်ဦးအပါအဝင် ခရီးသည်နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည့်အတွက် အနူးအညွန့်တောင်းပန်ကြောင်းနှင့် ပြည်သူလူထုလုံခြုံရေးအရ သတိပေးမှုများကို တိတိကျကျလိုက်နာကြရန် မေတ္တာရပ်ခံထားသည်။

တိုက်ပွဲများဖြစ်ပွား​နေ၍ ပြည်​ထောင်စုလမ်းတွင် ဖြတ်သန်းသွားလာခြင်းလုံးဝ မပြုလုပ်ရန် ဧပြီ ၁ ရက် ည​နေ၄ နာရီ​ကျော်တွင်သတိ​ပေးခဲ့ပြီး စစ်​ကောင်စီတပ်ကစစ်ကူလာမည်ံဟုသတင်းရ၍ ​စောင့်ဆိုင်း​နေစဥ် ည ၈ နာရီခန့်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသတိ​ပေးချက်ထုတ်ပြီး​နောက် ယခုအခါပြည်​ထောင်စုလမ်း၏ မြိတ်-ဘုတ်ပြင်းလမ်းပိုင်းကို အသုံးမပြုရန် ယ​နေ့သတိ​ပေးလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။