Connect with us

Hi, what are you looking for?

သတင်း

သံတောင်မြောက်ပိုင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် အရာရှိအပါအဝင် စစ်ကောင်စီတပ် ငါးဦးသေဟု ထုတ်ပြန်

လက်ရှိအချိန်ထိ ဒေသတွင်း၌ စစ်ရေးတင်းမာကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်ခဲယမ်း လိုအပ်ချက်ရှိ၍ ကူညီပေးနိုင်ကြောင်း သံတောင်မြောက်ပိုင်းတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

(သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား‌ တွေ့ရစဥ်။ ဓာတ်ပုံ - Northern Thandaung Defence Force)
(သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား‌ တွေ့ရစဥ်။ ဓာတ်ပုံ - Northern Thandaung Defence Force)

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အနီးရှိ ကျေးရွာများသို့ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် ငါးဦးသေဆုံးကြောင်း သံတောင်မြောက်ပိုင်း(အထူးဒေသ)က အသိပေးထုတ်ပြန်သည်။

ဧပြီ ၁ရက်က အင်အား ၁၅၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းသည် သံတောင်ကြီးမြို့နယ် ဗောဒိကုန်းကျေးရွာမှ ထွက်ခွာလာခဲ့ရာ လိပ်သိုဒေသ သာစည်ကျေးရွာနှင့် မလောက်ချောင်း ကျေးရွာကြားရှိ ပိန်းဆန်းတွင် ခြုံခိုတိုက်ခိုက်မှုစစ်ဆင်ရေး ဆင်နွှဲခဲ့သည်ဟု ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ စစ်ဗိုလ်တစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း အသိပေး ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုမတိုင်မီ အဆိုပါ စစ်ကြောင်းသည် ဗောဒိကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ရွာသူ၊ရွာသားများကို ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့အား တိုက်ခိုက်ပါက ရွာလုံးကျွတ်မီးရှို့ပြီး ရွာသူရွာသားများကို သတ်ဖြတ်မည်ဟု ဒေသခံတစ်ဦးကို လွှတ်၍ သတင်းစားပြောကြားလာခဲ့ကြောင်း၊ ထို့ကြောင့် ပထမ ဆောင်ရွက်မည့် စစ်ဆင်ရေးဖျက်သိမ်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သံတောင်မြောက်ပိုင်းတပ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိအချိန်ထိ ဒေသတွင်း၌ စစ်ရေးတင်းမာကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်ခဲယမ်း လိုအပ်ချက်ရှိ၍ ကူညီပေးနိုင်ကြောင်း သံတောင်မြောက်ပိုင်းတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

သံတောင်မြောက်ပိုင်းတပ်ဖွဲ့၏ နယ်မြေဖြစ်သော စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း၌ တိုက်ပွဲများ အချိန်မရွေးဖြစ်နိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် နီးရာတွင် မနေကြရန် ၊ စစ်ကောင်စီနှင့် မပူးပေါင်းရန် သတိပေးချက် ထုတ်ပြန်ထားသည်။

သံတောင် မြောက်ပိုင်းတပ်ဖွဲ့သည် မတ်လ ၂၇ရက်ကလည်း လိပ်သိုနယ် ဗဟုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ယင်းတိုက်ပွဲ၌လည်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူပေး တိုက်ခိုက်လာ၍ စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အဆိုပါ တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။