Connect with us

Hi, what are you looking for?

သတင်း

ရေးဘီလူးတိုက်ခိုက်၍ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ် နှစ်ဦးသေ၊ တစ်ဦး အရှင်ဖမ်းမိ

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။

(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူး)
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူး)

မွန်ပြည်နယ် ရေးမြို့နယ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့ပြီး တစ်ဦးအရှင်ဖမ်းမိသည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ဧပြီ ၄ရက် နံနက်အစောပိုင်းက အာယုတောင်ရွာနှင့် တောင်စွန်းကျေးရွာအကြား၌ တိုက်ခိုက်မှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

“လင်းဦးချထားတဲ့ကင်းပုန်းနဲ့ ရေးဘီလူးအဖွဲ့သားတွေနဲ့ထိပ်တိုက်တိုးတယ်။ တိုးတော့ သူပစ်ကိုယ်ပစ်ပစ်တဲ့အခါ ကင်းပုန်းနေရာကို တည်နေရာတွေ့တော့ သူတို့ဘက်က နှစ်ယောက်ကျတယ်။ တစ်ယောက်ကိုတော့ အရှင်ဖမ်းမိခဲ့တယ်ပေါ့။ အရှင်တစ်ယောက်ကို ကျနော်တို့ ခေါ်လာခဲ့တာပေါ့။ သတင်းအချက်အလက် လိုချင်လို့ပေါ့”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

Public Service Announcement
Public Service Announcement

လင်းဦးဆိုသူမှာ စစ်ကောင်စီတပ်မှ ထွက်ထားသူဖြစ်သော်လည်းလက်ရှိတွင် တာဝန်ပြန်လည်ထမ်းဆောင်နေသူဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် အဖွဲ့ဖြစ်သည်။

(ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားအား People’s Spring ၏ တယ်လီဂရမ်တွင် ကြည်ံရှု့နိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က ရေးဘီလူးတပ်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၁၀ ဦးထက်မနည်းထိခိုက် သေဆုံးတယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။