Connect with us

Hi, what are you looking for?

သတင်း

ရွှေကူတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီတပ် လေကြောင်းမှ အကြိမ်ကြိမ် ပစ်ကူပေးတိုက်ခိုက်နေရ

ကချင်သတင်းဌာန KNG၏ တိုက်ပွဲသတင်းတွင် ယမန်နေ့က မံခါးရွာအနီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း၊ မံခါးရွာနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်ရှိခဲ့၍ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသော ရွှေကူမြို့နယ် စီသာတိုက်နယ်ဆေးရုံအား ဧပြီ ၅ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - KPDF)
(အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသော ရွှေကူမြို့နယ် စီသာတိုက်နယ်ဆေးရုံအား ဧပြီ ၅ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - KPDF)

ကချင်ပြည်နယ် ရွှေကူမြို့အနီး ကျေးရွာများ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသတွင်း ပြည်သူများက အသိပေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက ရွှေကူမြို့နယ်ရှိ မံဝိန်း၊ စီသာ၊ စီသောင် စသည့် ဒေသများ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်မှုများ လုပ်ဆောင်သကဲ့သို့ ယမန်နေ့ (ဧပြီ ၈ရက်) တွင်လည်း မံခါးရွာအနီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ထို့အပြင် ဧပြီ ၇ရက်ကလည်း မံခါးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွာတွေလည်း အကုန်လုံးနီးပါးဖြစ်သွားပြီ။အကုန်မီးရှို့ကြတယ်။ အခုညနေ(ဧပြီ ၇ရက်ညနေ)က မံခါးရွာကို ရှို့နေတာ။ စီသာရွာလည်း ထပ်ရှို့တယ်” ဟု စစ်ရှောင်နေရသည့် ရွှေကူဒေသခံက People’s Spring သို့ ပြောကြားထားသည်။

ယနေ့ ဧပြီ ၉ရက်မနက်တွင်လည်း ပစ်ခတ်မှုများ ဆက်ရှိနေကြောင်းဒေသခံက ဆိုသည်။

Public Service Announcement

Public Service Announcement

ရွှေကူ KPDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပစ်ခတ်မှုများဆက်ရှိနေကြောင်း အတည်ပြုပေးပြီး စစ်ရေးအခြေအနေများအရ အသေးစိတ်ဖြစ်စဉ်များ လတ်တလော ဖြေကြားရန်မရှိသေးဟု ယနေ့မနက်တွင် ပြောသည်။

ကချင်သတင်းဌာန KNG၏ တိုက်ပွဲသတင်းတွင် ယမန်နေ့က မံခါးရွာအနီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း၊ မံခါးရွာနီးတိုက်ပွဲ၌ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်ရှိခဲ့၍ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ရွှေကူမြို့နယ်သည် KIA တပ်ရင်း (၁၂) နယ်မြေဖြစ်သည်။

ရွှေကူဒေသ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ ဧပြီ ၇ရက်တွင် အတည်ပြုပြောကြားထားပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိ၍ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။