Connect with us

Hi, what are you looking for?

သတင်း

မန္တလေးသင်္ကြန် စည်ကားအောင် စစ်ကောင်စီ စီမံ

သင်္ကြန်စည်ကားဖို့အတွက် မန္တလေးစည်ပင်က မဏ္ဍပ်တွေကို အခွန်အခမကောက်ဘဲ ကြိုက်နှစ်သက်ရာ နေရာမှာ ဆောက်လုပ်ခွင့်ပေးခဲ့တာပါ။

မန္တလေးသင်္ကြန် စည်ကားအောင် စစ်ကောင်စီ စီမံ
မန္တလေးသင်္ကြန် စည်ကားအောင် စစ်ကောင်စီ စီမံ

လာမယ့် သင်္ကြန်ကာလ မန္တလေးမြို့မှာ စည်ကားဖို့ မြို့ပေါ် အဓိက လမ်းမကြီးတွေမှာ မဏ္ဍပ်တွေကို စစ်ကောင်စီက တည်ဆောက်ခိုင်းထားတယ်လို့စုံစမ်းသိရပါတယ်။

ဟိုတယ်လုပ်ငန်းရှင်အသင်း ၊ဆောက်လုပ်ရေးအသင်း၊ ရွှေလုပ်ငန်းရှင်အသင်း ၊ကျောက်မျက်လုပ်ငန်းရှင်အသင်း ၊စက်သုံးဆီ လုပ်ငန်းရှင်အသင်းတို့ က မဏ္ဍပ်တွေ တည်ဆောက်ထားကြပါတယ်။

ကျုံးတောင်ဘက်ခြမ်းမှာလည်း လမ်းလျှောက်သင်္ကြန်ကျင်းပမှာဖြစ်ပြီး အဲဒီလမ်းလျှောက်သင်္ကြန်အတွက် မဏ္ဍပ် ၁၃ ကို စစ်ကောင်စီက ထည့်သွင်းတည်ဆောက်စေတယ်လို့သိရပါတယ်။

စီးပွားရေးလုပ်ငန်းရှင်အသင်းတွေရဲ့ မဏ္ဍပ်တွေအပြင် ၂၆လမ်း ၊လမ်း ၇၀ နဲ့ ၇၁ လမ်းကြားမှာ ယူနန်ဘုံကျောင်းမဏ္ဍပ်လည်း ရှိမယ်လို့ စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သင်္ကြန်စည်ကားဖို့အတွက် မန္တလေးစည်ပင်က မဏ္ဍပ်တွေကို အခွန်အခမကောက်ဘဲ ကြိုက်နှစ်သက်ရာ နေရာမှာ ဆောက်လုပ်ခွင့်ပေးခဲ့တာပါ။

မန္တလေးမြို့ခံ စာရေးဆရာ တစ်ဦးကတော့ စစ်ကောင်စီရဲ့ ဒီနှစ်သင်္ကြန်ဟာလည်းအရင်နှစ်တွေကလို မြို့ခံတွေမပါဘဲ စစ်အုပ်စုလက်ဝေခံတွေနဲ့သာ ပြီးဆုံးသွားလိမ့်မယ်လို့ ပြောပြပါတယ်။

ဒီနှစ်သင်္ကြန်ဟာ အာဏာသိမ်းပြီးနောက် ၃ ကြိမ် မြောက် ကြုံရတဲ့သင်္ကြန်ဖြစ်ကာ တော်လှန်ရေးအင်အားစုတွေ တော်လှန်သင်္ကြန်အဖြစ်ဆင်နွှဲကြဖို့ လူထုကို တိုက်တွန်းထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။