Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နှင့် ရွှေဘိုနယ်တွင် ပျူများအား မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဆုံး

ယမန်နေ့ (ဧပြီ ၉ ရက်) နံနက် ၉နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာမှ မြို့ပေါ်လမ်းဆုံဘက်သို့ ကူးလာသော ပျူစောထီးများအား အသင့်ဆင်ထားသောမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း Guerrilla Warfare- K.P.K အဖွဲ့က ပြောသည်။

ပဒေသာမိုင်းထိသေဆုံးနေသော ရွှေဘိုနယ်က ပျူတစ်ဦးအား တွေ့ရစဥ်
ပဒေသာမိုင်းထိသေဆုံးနေသော ရွှေဘိုနယ်က ပျူတစ်ဦးအား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်နှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ရာ ပျုအဖွဲ့ဝင် လေးဦးသေဆုံးကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဧပြီ ၉ ရက်) နံနက် ၉နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာမှ မြို့ပေါ်လမ်းဆုံဘက်သို့ ကူးလာသော ပျူစောထီးများအား အသင့်ဆင်ထားသောမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း Guerrilla Warfare- K.P.K အဖွဲ့က ပြောသည်။

“မိုးကာစနဲ့ လိပ်သယ်သွားတယ်။ ကျန်တဲ့ပျူတွေလည်း အထိအခိုက်ရှိနိုင်တယ်။”ဟု Guerrilla Warfare- K.P.K အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ဧပြီ ၈ ရက်နေ့နံနက် ၁၀နာရီဝန်းကျင်ခန့်က ရွှေဘိုမြိုနယ်၊ မြင်းစီးပျူကျေးရွာမှ ပျူခေါင်းဆောင်ဌေးအောင်၏ တပည့်‌‌များ သုံးဘီးဖြင့်ထွက်လာစဉ် မြို့လှရွာ ကြက်ခြံအနီးအရောက်တွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် ဌေးအောင်၏ တပည့်ရင်း ပျူတင်ဌေးအပါအဝင် ပျူသုံးဦးပွဲချင်းပြီး သေဆုံးကြောင်း DOG KILLER – SHWEBO(LPDF) အဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဘိုခရိုင်အခြေစိုက် DOG KILLER - SHWEBO(LPDF) အဖွဲ့ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်
ရွှေဘိုခရိုင်အခြေစိုက် DOG KILLER – SHWEBO(LPDF) အဖွဲ့ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်

“သုံးဘီးနဲ့ အလောင်းသုံးလောင်းကိုတင်ပြီး မောင်းနေတုန်း မအလောင်းတစ်လောင်းနဲ့ သေနတ်တွေပါ ကျကျန်ရစ်တာကို မကောက်ဘဲ ထွက်ပြေးသွားတယ်။ သေနတ်ကောက်ဖို့ကြိုးစားပေမယ့် သီးလုံးနဲ့ ဇီးဖြူကုန်းရွာက စစ်သားတွေ နှစ်ဖက်ညှပ်လာလို့ ပြန်ဆုတ်ခဲ့တတယ်။”ဟု DOG KILLER – SHWEBO(LPDF) အဖွဲ့တာဝန်ရှိသူက ပြောသည်။

တန့်ဆည်နယ် စစ်ဆင်ရေးကို Guerrilla Warfare- K.P.K၊ TSR၊ MDF-Taze Tiger၊ PLA၊ မြောက်ပိုင်းတိုက်နယ်ပကဖနှင့်အံ့ဘွားစွန်ရဲအဖွဲ့တို့ကလည်းကောင်း၊ ရွှေဘိုနယ်စစ်ဆင်ရေးကို DOG KILLER – SHWEBO(LPDF)အဖွဲ့ ၊ ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့၊မင်းဂေါင် – SHWEBO (LDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး(😭.T)- SHWEBO (LPDF)အဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ -LDF၊ဖား‌ရွှေ‌ကျော် – ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မတစ်ထောင်( တစ်ကောင်ဘွား ) – ဒီပဲယင်းအဖွဲ့နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုများကလည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ရွှေဘိုနှင့် တန့်ဆည်နယ်များတွင် စစ်ကောင်စီတပ်လက်အောက်ခံ ပျူရွာအချို့ရှိပြီး စစ်အုပ်စုက လက်နက်ပါတပ်ဆင်ပေးထားပြီးနောက် ၎င်းတို့က ဒေသခံများအား ဖမ်းနှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့အနီးကို ပတ်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအုပ်စုက လေးရက်အတွင်း စုစုပေါင်း ဒေသခံ‌ ၁၁ဦးကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ဆယ်နဲ့ချီ​သေဆုံးထိခိုက်ပြီး ပျူစခန်းတခုသိမ်း၊လက်နက်ခဲယမ်းတွေရရှိ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဖမ်းဆီးသွားတဲ့သူ တွေကို စစ်​တပ်က ပြန်မလွှတ်တော့ဘဲပျူစောထီးသင်တန်းတက်ခိုင်းပြီးစစ်တိုက်ခိုင်းနေတယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

သတင်း

သေနတ်တစ်လက်နှင့် ခဲယမ်းများယူလာ၍ သိန်း ၅၀ ချီးမြှင့်ခံရ