Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နှင့် ရွှေဘိုနယ်တွင် ပျူများအား မိုင်းဆွဲတိုက်ခိုက်ရာ လေးဦးသေဆုံး

ယမန်နေ့ (ဧပြီ ၉ ရက်) နံနက် ၉နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာမှ မြို့ပေါ်လမ်းဆုံဘက်သို့ ကူးလာသော ပျူစောထီးများအား အသင့်ဆင်ထားသောမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း Guerrilla Warfare- K.P.K အဖွဲ့က ပြောသည်။

ပဒေသာမိုင်းထိသေဆုံးနေသော ရွှေဘိုနယ်က ပျူတစ်ဦးအား တွေ့ရစဥ်
ပဒေသာမိုင်းထိသေဆုံးနေသော ရွှေဘိုနယ်က ပျူတစ်ဦးအား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ တန့်ဆည်နှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ရာ ပျုအဖွဲ့ဝင် လေးဦးသေဆုံးကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဧပြီ ၉ ရက်) နံနက် ၉နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာမှ မြို့ပေါ်လမ်းဆုံဘက်သို့ ကူးလာသော ပျူစောထီးများအား အသင့်ဆင်ထားသောမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း Guerrilla Warfare- K.P.K အဖွဲ့က ပြောသည်။

“မိုးကာစနဲ့ လိပ်သယ်သွားတယ်။ ကျန်တဲ့ပျူတွေလည်း အထိအခိုက်ရှိနိုင်တယ်။”ဟု Guerrilla Warfare- K.P.K အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ဧပြီ ၈ ရက်နေ့နံနက် ၁၀နာရီဝန်းကျင်ခန့်က ရွှေဘိုမြိုနယ်၊ မြင်းစီးပျူကျေးရွာမှ ပျူခေါင်းဆောင်ဌေးအောင်၏ တပည့်‌‌များ သုံးဘီးဖြင့်ထွက်လာစဉ် မြို့လှရွာ ကြက်ခြံအနီးအရောက်တွင် ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် ဌေးအောင်၏ တပည့်ရင်း ပျူတင်ဌေးအပါအဝင် ပျူသုံးဦးပွဲချင်းပြီး သေဆုံးကြောင်း DOG KILLER – SHWEBO(LPDF) အဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဘိုခရိုင်အခြေစိုက် DOG KILLER - SHWEBO(LPDF) အဖွဲ့ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်
ရွှေဘိုခရိုင်အခြေစိုက် DOG KILLER – SHWEBO(LPDF) အဖွဲ့ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်

“သုံးဘီးနဲ့ အလောင်းသုံးလောင်းကိုတင်ပြီး မောင်းနေတုန်း မအလောင်းတစ်လောင်းနဲ့ သေနတ်တွေပါ ကျကျန်ရစ်တာကို မကောက်ဘဲ ထွက်ပြေးသွားတယ်။ သေနတ်ကောက်ဖို့ကြိုးစားပေမယ့် သီးလုံးနဲ့ ဇီးဖြူကုန်းရွာက စစ်သားတွေ နှစ်ဖက်ညှပ်လာလို့ ပြန်ဆုတ်ခဲ့တတယ်။”ဟု DOG KILLER – SHWEBO(LPDF) အဖွဲ့တာဝန်ရှိသူက ပြောသည်။

တန့်ဆည်နယ် စစ်ဆင်ရေးကို Guerrilla Warfare- K.P.K၊ TSR၊ MDF-Taze Tiger၊ PLA၊ မြောက်ပိုင်းတိုက်နယ်ပကဖနှင့်အံ့ဘွားစွန်ရဲအဖွဲ့တို့ကလည်းကောင်း၊ ရွှေဘိုနယ်စစ်ဆင်ရေးကို DOG KILLER – SHWEBO(LPDF)အဖွဲ့ ၊ ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့၊မင်းဂေါင် – SHWEBO (LDF)အဖွဲ့၊ ဗိုလ်ဂျပန်ကြီး(😭.T)- SHWEBO (LPDF)အဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ -LDF၊ဖား‌ရွှေ‌ကျော် – ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မတစ်ထောင်( တစ်ကောင်ဘွား ) – ဒီပဲယင်းအဖွဲ့နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုများကလည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ရွှေဘိုနှင့် တန့်ဆည်နယ်များတွင် စစ်ကောင်စီတပ်လက်အောက်ခံ ပျူရွာအချို့ရှိပြီး စစ်အုပ်စုက လက်နက်ပါတပ်ဆင်ပေးထားပြီးနောက် ၎င်းတို့က ဒေသခံများအား ဖမ်းနှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။