Connect with us

Hi, what are you looking for?

သတင်း

တရုတ်အကူအညီနဲ့ စစ်ရေးအဆောက်အဦးတွေ ဆောက်နေတယ်လို့သတင်းထွက်နေချိန်မှာ ကိုကိုးကျွန်းပေါ် အာဏာသိမ်းခေါင်းဆောင်ရောက်နေ

ကိုကိုးကျွန်းဟာ ရန်ကုန်တိုင်းထဲမှာပါဝင်ပြီး ရန်ကုန်မြို့ကနေရေမိုင်၂၆၀ ခန့် ကွာဝေးကာ ကျွန်းဆီကို အရပ်သားတွေ လွတ်လပ်စွာခရီးသွားလာခွင့်မရှိပါဘူး။

မြန်မာပိုင် ကိုကိုးကျွန်းပေါ်မှာ တရုတ်အကူအညီနဲ့ စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေတိုးချဲ့ ဆောက်လုပ်နေတယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်နေချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ဟာ အဲဒီကျွန်းကို သွားရောက်နေပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ ကိုကိုးကျွန်း ကိုမနေ့က ရောက်ရှိလာတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေက ဖော်ပြပါတယ်။

ခရီးစဉ်ကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော် ပင်လယ်နှစ်ခု ဆုံမှတ်တည်ရာ ကျောက်တိုင် စိုက်ထူ တဲ့အခမ်းအနားတက်ရောက်တာလို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အိန္ဒိယသတင်းတွေမှာ မြန်မာစစ်တပ်ဟာ ဘင်္ဂလားပင်လယ်အော်ထဲက မဟာဗျုဟာအရ အရေးပါတဲ့ ကိုကိုးကျွန်းပေါ်မှာ တရုတ်အကူအညီနဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေ တိုးချဲ့ ဆောက်လုပ်နေတယ်လို့ ဂြိုလ်တုဓာတ်ပုံတွေနဲ့ဖော်ပြကြတာတွေရှိလာပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်အကူအညီနဲ့ စစ်ရေးအဆောက်အဦးတွေ ဆောက်နေတယ်လို့သတင်းထွက်နေချိန်မှာ ကိုကိုးကျွန်းပေါ် အာဏာသိမ်းခေါင်းဆောင်ရောက်နေ
တရုတ်အကူအညီနဲ့ စစ်ရေးအဆောက်အဦးတွေ ဆောက်နေတယ်လို့သတင်းထွက်နေချိန်မှာ ကိုကိုးကျွန်းပေါ် အာဏာသိမ်းခေါင်းဆောင်ရောက်နေ

တရုတ်အကူအညီနဲ့ ကျွန်းပေါ်မှာလေယာဉ်ပြေးလမ်း တစ်ခုကိုပါ တိုးချဲ့ဆောက်လုပ်ထားတယ်ဆိုတာကို ဂြိုလ်တုဓာတ်ပုံတွေအရ အတည်ပြုနိုင်ခဲ့တယ်လို့ Bloomberg သတင်းဌာန ကလည်းဖော်ပြပါတယ်။

ဗြိတိန်က မူဝါဒရေးရာဌာနတစ်ခုဖြစ်တဲ့ Chatham House ကလည်း ဂြိုလ်တု ဓာတ်ပုံဆိုင်ရာကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ ကျွန်းပေါ်မှာ လေယာဉ် ရုံ အသစ် နှစ် ရုံ ၊ ပေ ၇,၅၀၀ ကျော်တဲ့ လေယာဉ်ပြေးလမ်း နဲ့ ရေဒါစခန်းအသစ် တို့ကိုတွေ့မြင်ရတယ်လို့ ထုတ်ပြန်ပါတယ်။

တရုတ်အကူအညီနဲ့ စစ်ရေးအဆောက်အဦးတွေ ဆောက်နေတယ်လို့သတင်းထွက်နေချိန်မှာ ကိုကိုးကျွန်းပေါ် အာဏာသိမ်းခေါင်းဆောင်ရောက်နေ
တရုတ်အကူအညီနဲ့ စစ်ရေးအဆောက်အဦးတွေ ဆောက်နေတယ်လို့သတင်းထွက်နေချိန်မှာ ကိုကိုးကျွန်းပေါ် အာဏာသိမ်းခေါင်းဆောင်ရောက်နေ

အိန္ဒိယဘက်ကလည်း ကိုကိုးကျွန်းပေါ်မှာ တရုတ်အကူအညီနဲ့မြန်မာစစ်တပ်ဟာ ထောက်လှမ်းရေး စခန်း တည်ဆောက်နေတယ်လို့ စွပ်စွဲပါတယ်။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ စွပ်စွဲချက်တွေဟာအခြေအမြစ်မရှိဘူးလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

ကိုကိုးကျွန်းဟာ ရန်ကုန်တိုင်းထဲမှာပါဝင်ပြီး ရန်ကုန်မြို့ကနေရေမိုင်၂၆၀ ခန့် ကွာဝေးကာ ကျွန်းဆီကို အရပ်သားတွေ လွတ်လပ်စွာခရီးသွားလာခွင့်မရှိပါဘူး။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။