Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် PDFနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်း စီးနင်းခံရ၊ လက်နက်ခဲယမ်းနှင့်ရိက္ခာများ ဆုံးရှုံး

စစ်ကောင်စီတပ်သ​ည် စစ်ကိုင်းမြို့နယ်ရှိ တလိုင်းကျေးရွာကိုပါ ရဟတ်ယာဥ်နှစ်စီးဖြင့် ဝင်ရောက်ပစ်ခတ်ပြီး နေအိမ် ၁၀လုံး၊ ကျေးလတ်ဆေးပေးခန်း၊ ထရန်စဖော်မာနှင့် သုံးဘီးယာဥ်များအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

(သိမ်းဆည်းခံလိုက်ရသော လက်နက်ခဲယမ်းများအား စစ်ကောင်စီဘက်က ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ - စကစ)
(သိမ်းဆည်းခံလိုက်ရသော လက်နက်ခဲယမ်းများအား စစ်ကောင်စီဘက်က ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ - စကစ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်အစပ်ရှိ PDFတပ်ဖွဲ့နှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်း စီးနင်းခံရပြီး လူထိခိုက်မှုမရှိသော်လည်း လက်နက်ခဲယမ်းနှင့်ရိက္ခာများ ဆုံးရှုံးခဲ့ရကြောင်း ပြင်ဦးလွင်ခရိုင် ပ.က.ဖ နဂါးနီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဧပြီ ၈ ရက် နံနက် ၁၀နာရီဝန်းကျင်က ပြင်ဦးလွင်ခရိုင် ပ.က.ဖ နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် MDY- UG မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ ယာယီစခန်းတည်နေရာသို့ တံတားဦးလေတပ်မှ Mi-35နှစ်စီးဖြင့် နာရီဝက်ကြာ ပစ်ခတ်ပြီးနောက် ‌ရဟတ်ယာဉ်ပေါ်မှ စစ်ကောင်စီတပ်သားများ မြေပြင်သို့ ချ၍ လာရောက်တိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ပြင်ဦးလွင်ခရိုင် ပ.က.ဖနဂါးနီ‌တပ်ဖွဲ့နှင့် MDY-UGရဲဘော်အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ရပြီး‌ တည်နေရာမှ စွန့်ခွာထွက်ပြေးရစဉ် မုံရွာ(နမခ)လေတပ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် ဆေးခန်းနှင့် စာသင်ကျောင်းများသို့ ထပ်မံ၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပြည်သူအချို့နှင့် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနှင့် ပြည်သူများ၏နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

နဂါးနီတပ်ဖွဲ့နှင့်အတူ မြို့ပြ MDY-UGများ၏ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ ၊ ဆိုင်ကယ်၊ ဆေးပစ္စည်း၊ ယူနီဖောင်းနှင့်အသုံး‌အဆောင် ပစ္စည်းအမြောက်အများ ဆုံးရှုံးလိုက်ရပြီးရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“နေရာအတိအကျကို ရဟတ်ယာဥ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်သွားတာပါ။ သူတို့က ရဟတ်ယာဥ်နဲ့ပစ်ပြီး လူချတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က ချက်ချင်းကြီးတိုက်ခိုက်မှု မလုပ်နိုင်ဘူး။ အဲဒီအချိန်မှာ တည်နေရာတွေကို ဝင်စီးသွားတယ်။ လက်နက်ခဲယမ်းတွေကို သိမ်းတယ်။ ရဲဘော်တွေ အထိအခိုက်တော့ရှိတယ်။ အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး။”ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စခန်းစီးနင်းခံရခြင်းနှင့်ပတ်သက်၍ စခန်းအား ခိုလှုံခဲ့ဖူးသည့် မြို့ပြပြောက်ကျားရဲဘော်အချို့ မြို့ပြတွင် ဖမ်းဆီးခံလိုက်ရ၍ သတင်းရရှိသွားခြင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုသည်။

ယင်းနေ့ မွန်းလွဲ ၂နာရီခန့်တွင် အဆိုပါစစ်ကောင်စီတပ်အား ဒေသတွင်း PDFအဖွဲ့များပူးပေါင်း၍ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်များ၍ ညနေတွင် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ Mi-35 ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်က အများအပြားထိခိုက်‌သေဆုံး၍ ဧပြီ ၉ ရက် နံနက် ၂ နာရီခန့်တွင် ရေကြောင်းမှတဆင့် အလောင်းများ ပြန်လည်သယ်ယူ၍ ဆုတ်ခွာသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်သ​ည် စစ်ကိုင်းမြို့နယ်ရှိ တလိုင်းကျေးရွာကိုပါ ရဟတ်ယာဥ်နှစ်စီးဖြင့် ဝင်ရောက်ပစ်ခတ်ပြီး နေအိမ် ၁၀လုံး၊ ကျေးလတ်ဆေးပေးခန်း၊ ထရန်စဖော်မာနှင့် သုံးဘီးယာဥ်များအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်