Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နှင့် ခင်ဦးနယ်စပ်ရှိ ချောင်းရိုးရွာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်

ယနေ့ (ဧပြီ ၁၁ ရက်) နံနက် ၅ နာရီခန့်က တန့်ဆည်နှင့် ရေဦးမြို့နယ်နယ်အစပ်ရှိ ချောင်းရိုးကျေးရွာကို စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်ခဲ့ပြီး တစ်နာရီခန့်အကြာတွင် စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်နှင့် ခင်ဦးမြို့နယ်အစပ်ရှိ ချောင်းရိုးကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေ၍ အနီးတဝိုက်ကျေးရွာများမှ ဒေသခံပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဧပြီ ၁၁ ရက်) နံနက် ၅ နာရီခန့်က တန့်ဆည်နှင့် ရေဦးမြို့နယ်နယ်အစပ်ရှိ ချောင်းရိုးကျေးရွာကို စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်ခဲ့ပြီး တစ်နာရီခန့်အကြာတွင် စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

“ပျူစောထီးတွေလည်း ပါတယ်။ မနက် ၅ခွဲလောက်မှာ တန့်ဆည်-ရေဦးလမ်းပေါ်မှာရှိတဲ့ ချောင်းရိုးရွာနဲ့ ဖန်းခါးဇင်ရွာကို ဝင်ပြီးလက်နက်ကြီးတွေနဲ့ထုတယ်။ ချောင်းရိုးရွာကို မီးရှို့တယ်။”ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ချောင်းရိုးကျေးရွာအပြင် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ တန့်ဆည် – ရေဦး လမ်းမကြီးအား လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ၊ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက သတိပေးသည်။

(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ယမန်နေ့( ဧပြီ ၁၀ ရက်​) နံနက်ပိုင်းကလည်း ရေဦးနယ်မှ ခင်ဦးမြို့နယ်သို့ကူးလာသော စစ်ကောင်စီတပ်သည် အင်းပတ်ကျေးရွာကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အာဏာသိမ်းကာလအတွင်း ၂၀၂၃ ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။