Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ မန္တလေး တိုင်းတရားလွှတ်တော်ဒုညွှန်မှူးအသတ်ခံရပြီး နေအိမ်ပါမီးလောင်

တိုင်းတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး အသက် ၅၀ အရွယ် ဒေါ်လေးကြည် ရဲ့ နေအိမ်ဟာ ဒီနေ့မနက် ၄ နာရီခွဲဝန်းကျင်က မီးလောင်ကျွမ်းတာပါ။

စစ်ကောင်စီ မန္တလေး တိုင်းတရားလွှတ်တော်ဒုညွှန်မှူးအသတ်ခံရပြီး နေအိမ်ပါမီးလောင်
စစ်ကောင်စီ မန္တလေး တိုင်းတရားလွှတ်တော်ဒုညွှန်မှူးအသတ်ခံရပြီး နေအိမ်ပါမီးလောင်

စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းရဲတပ်ဖွဲ့ ရုံးအနီး ၃ ထပ်တိုက်နဲ့ နေထိုင်တဲ့ တိုင်းတရားလွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူး အမျိုးသမီး သတ်ဖြတ်ခံရပြီး နေအိမ်ပါ ဒီနေ့မနက်ပိုင်းက မီးလောင်ခဲ့ပါတယ်။

တိုင်းတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး အသက် ၅၀ အရွယ် ဒေါ်လေးကြည် ရဲ့ နေအိမ်ဟာ ဒီနေ့မနက် ၄ နာရီခွဲဝန်းကျင်က မီးလောင်ကျွမ်းတာပါ။

အဲဒီမီးလောင်မှုကို သွားရောက်ငြိမ်းသတ်ရာမှာ ဒေါ်လေးကြည်ရော ၊ အသက် ၃၈ နှစ်အရွယ် အိမ်အကူ အမျိုးသမီးပါ နေအိမ်မှာ သေဆုံးနေတာ တွေ့ရတယ်လို့ စစ်အုပ်စု ဘက်က သတင်းထုတ်ပါတယ်။

တိုင်းတရားလွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်လေးကြည် ရဲ့အလောင်းမှာ ဓားဒဏ်ရာတွေတွေ့ရပြီးလည်ပင်းမှာ မီးဖိုချောင်သုံး စတီးဓား တစ်ချောင်း စိုက်ဝင်နေတယ်လို့ စစ်အုပ်စုရဲ့သတင်းမှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အိမ်အကူအမျိုးသမီးရဲ့အလောင်းမှာတော့ ပြင်ပဒဏ်ရာမတွေ့ရဘူးလို့လည်း စစ်အုပ်စုက ဆိုထားပါတယ်။

အိမ်ရှင်နဲ့ အိမ်အကူ အမျိုးသမီး တို့ကို သတ်ဖြတ်ပြီးနောက် နေအိမ်ပါမီးရှို့သွားတာလို့ စစ်အုပ်စုရဲ့သတင်းဖြန့်ချက်မှာတွေ့ရပါတယ်။

နေအိမ်မီးလောင်မှုမှာကုတင် ၊မွေ့ယာနဲ့ အိမ်တွင်းပစ္စည်းအနည်းငယ်သာမီးလောင်ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။