Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာ​လေ​ကြောင်းတိုက်ခိုက်ခံရမှု ​သေဆုံးသူများတွင် က​လေးငယ် ၁၈ ဦးပါဝင်

ကလေးငယ် ၁၈ဦးတွင် မိန်ကလေး ၇ဦးပါဝင်သည်ဟု မြေပြင်တွင်ကယ်ဆယ်​ရေးလုပ်​ပေးနေသော ဒေသခံတစ်ဦးကပြောသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့လည်းပါဝင်သည်ဟု ဒေသခံများကပြောသည်။

(စစ်တပ်က​လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်တပ်က​လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎​သေဆုံးသူ တစ်ရာဝန်းကျင်ရှိနိုင်ပြီး ၊ကိုယ်ဝန်​ဆောင်မိခင်အချို့ပါဝင်ဟု​ကယ်ဆယ်​ရေးလုပ်နသူများ​ပြော

ကန့်ဘလူနယ်မြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီက ယနေ့ နံနက်အ​စောပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်မှု​ကြောင့်သေဆုံးသူများတွင် အသက် ၄နှစ်မှ ၁၈နှစ်ကြားက​လေးငယ် ၁၈ ဦးနှင့် ကိုယ်ဝန်သည်မိခင်အချို့လည်း ပါဝင်ကြောင်း မြေပြင်တွင်ကယ်ဆယ်ရေးလုပ်နေသူများကပြောသည်။

” သေဆုံးတဲ့အထဲ ၁၈နှစ်အောက် ကလေး ၁၈ယောက် ပါတယ်။အဖေနဲ့အတူ လိုက်လာရင်း သေဆုံးတာမျိုး။ မိသားစုဝင်တွေ လာရင်း သေဆုံးတာမျိုးတွေ။ အခုထိ ရုပ်‌အလောင်းတွေ စီ‌တန်းထားရတုန်းပါ” ဟု ဒေသခံတစ်ဦးကPeople’s Spring သတင်းဌာနသို့ပြောသည်။

ကလေးငယ် ၁၈ဦးတွင် မိန်ကလေး ၇ဦးပါဝင်သည်ဟု မြေပြင်တွင်ကယ်ဆယ်​ရေးလုပ်​ပေးနေသော ဒေသခံတစ်ဦးကပြောသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့လည်းပါဝင်သည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

သေဆုံးသူအရေအတွက်ကို အတိအကျမသိရသေး​သော်လည်း တစ်ရာဝန်းကျင်အထိ ရှိနိုင်ပြီး ဒဏ်ရာရသူများစွာလည်းရှိ​ကြောင်းသိရသည်။စစ်ကောင်စီတပ်သည် အရပ်သားများကို ပစ်မှတ်ထား၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်သွားခြင်းဟု ဒေသခံများက ​ပြောသည်။

Public Service Announcement

Public Service Announcement

ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီး၊ Mi-35တစ်စီးဖြင့် ယနေ့(ဧပြီ ၁၁ရက်) နံနက် ၇နာရီ ၄၅ မိနစ်တွင် ရှေ့ဆင့်နောက်ဆင့်ပစ်ခတ်သွားခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။ပဇီကြီးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ ပြုလုပ်နေချိန် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံချပြီးနောက် ရွာပတ်ချာလည်ကို Mi-35မှ စက်သေနတ်ဖြင့် လှည့်ပတ် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။