Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု ဝမ်းနည်းခြင်းအထိမ်းအမှတ် PDF အလံ တိုင်ဝက်လွှင့်ထူရန် NUG ကာကွယ်ရေး ညွှန်ကြား

ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်ခံရမှုတွင်ယ​နေ့ည​နေပိုင်းအထိ အရပ်သား အနည်းဆုံး ၅၃ ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ရာ သေဆုံးသူများ ထပ်တိုးနိုင်ကြောင်း NUGက အသိပေးထားသည်။

(ဒီမိုက​ရေစီနှင့် ဖက်ဒရယ်အ​ရေးအတွက် တိုက်ပွဲဝင်ရန်ကျဆုံးခဲ့ကုရ​သော​ သူရဲ​ကောင်းများအတွက် ရှစ်​လေးလုံး အ​ရေး​​တော်ပုံ ၃၄ နှစ်ပြည့်နှစ်ပါတ်လည်အဖြစ် ၂၀၂၂ သြဂုတ် ၈ ရတ်က မန္တ​လေးPDF မှတပ်ဖွဲ့ဝင်များက PDF အလံ​တော်ကိုတစ်ဝက်လွှင့်ထူ၍ ဂုဏ်ပြုအ​လေးပြုစဥ်။ဓါတ်ပုံ-MPDF)

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်ခံရမှု အပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အလံကို ၅ရက်ကြာ တိုက်ဝက်လွှင့်ထူရန် ညွှန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁၁ရက်) နံနက်တွင် ပဇီကြီးကျေးရွာသို့ အာဏာသိမ်းစစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့ရာကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူများစွာ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

(ဒီမိုက​ရေစီနှင့် ဖက်ဒရယ်အ​ရေးအတွက် တိုက်ပွဲဝင်ရန်ကျဆုံးခဲ့ကုရ​သော​ သူရဲ​ကောင်းများအတွက် ရှစ်​လေးလုံး အ​ရေး​​တော်ပုံ ၃၄ နှစ်ပြည့်နှစ်ပါတ်လည်အဖြစ် ၂၀၂၂ သြဂုတ် ၈ ရတ်က မန္တ​လေးPDF မှတပ်ဖွဲ့ဝင်များက PDF အလံ​တော်ကိုတစ်ဝက်လွှင့်ထူ၍ ဂုဏ်ပြုအ​လေးပြုစဥ်။ဓါတ်ပုံ-MPDF)
(ဒီမိုက​ရေစီနှင့် ဖက်ဒရယ်အ​ရေးအတွက် တိုက်ပွဲဝင်ရန်ကျဆုံးခဲ့ကုရ​သော​ သူရဲ​ကောင်းများအတွက် ရှစ်​လေးလုံး အ​ရေး​​တော်ပုံ ၃၄ နှစ်ပြည့်နှစ်ပါတ်လည်အဖြစ် ၂၀၂၂ သြဂုတ် ၈ ရတ်က မန္တ​လေးPDF မှတပ်ဖွဲ့ဝင်များက PDF အလံ​တော်ကိုတစ်ဝက်လွှင့်ထူ၍ ဂုဏ်ပြုအ​လေးပြုစဥ်။ဓါတ်ပုံ-MPDF)

သေဆုံးသွားသော အပြစ်မဲ့ အရပ်သားပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များအားလုံး PDF အလံတော်ကို တိုင်ဝက် လွှင့်ထူခြင်းဖြင့် ဝမ်းနည်းကြောင်းပြသရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။

“ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်ခံရမှုမျိုးကို ရှောင်ရှားနိုင်ရန် သက်ဆိုင်ရာ ကွပ်ကဲမှုအဆင့်ဆင့်မှ ချမှတ်သော စည်းကမ်းချက်များကို ကိုယ်တိုင် တိတိကျကျ လေးစားလိုက်နာကြရန် လိုအပ်သကဲ့သို့ အရပ်သား ပြည်သူများ ထိခိုက်မှုမရှိစေရေး အသိပညာပေးမှုများ၊ လိုအပ်သော ကြိုတင်ကာကွယ်မှု အစီအမံများ ဆောင်ရွက်ထားရှိကြရမည်” ဟု ညွှန်ကြားစာ၌ ပါရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

(ဒီမိုက​ရေစီနှင့် ဖက်ဒရယ်အ​ရေးအတွက် တိုက်ပွဲဝင်ရန်ကျဆုံးခဲ့ကုရ​သော​ သူရဲ​ကောင်းများအတွက် ရှစ်​လေးလုံး အ​ရေး​​တော်ပုံ ၃၄ နှစ်ပြည့်နှစ်ပါတ်လည်အဖြစ် ၂၀၂၂ သြဂုတ် ၈ ရတ်က မန္တ​လေးPDF မှတပ်ဖွဲ့ဝင်များက PDF အလံ​တော်ကိုတစ်ဝက်လွှင့်ထူ၍ ဂုဏ်ပြုအ​လေးပြုစဥ်။ဓါတ်ပုံ-MPDF)
(ဒီမိုက​ရေစီနှင့် ဖက်ဒရယ်အ​ရေးအတွက် တိုက်ပွဲဝင်ရန်ကျဆုံးခဲ့ကုရ​သော​ သူရဲ​ကောင်းများအတွက် ရှစ်​လေးလုံး အ​ရေး​​တော်ပုံ ၃၄ နှစ်ပြည့်နှစ်ပါတ်လည်အဖြစ် ၂၀၂၂ သြဂုတ် ၈ ရတ်က မန္တ​လေးPDF မှတပ်ဖွဲ့ဝင်များက PDF အလံ​တော်ကိုတစ်ဝက်လွှင့်ထူ၍ ဂုဏ်ပြုအ​လေးပြုစဥ်။ဓါတ်ပုံ-MPDF)

စစ်အုပ်စု၏ လူမဆန်မှုကြောင့် ထိခိုက်ကျဆုံးခဲ့ရသော ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် PDF၊ ပကဖ တပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများအားလုံး ယနေ့ ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အထိ ပြည်သူ့တော်လှန်ရေးအလံတော်ကို တိုင်ဝက်ချ အလေးပြုကြရန် ညွှန်ကြားထားကြောင်းဖော်ပြထားသည်။

ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်ခံရမှုတွင်ယ​နေ့ည​နေပိုင်းအထိ အရပ်သား အနည်းဆုံး ၅၃ ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ရာ သေဆုံးသူများ ထပ်တိုးနိုင်ကြောင်း NUGက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook