Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု အရပ်သားအနည်းဆုံး ၅၃ဦးသေဆုံး၊ သေဆုံးသူ ထပ်တိုးနိုင်ဟု NUG အသိပေး

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ကန့်ဘလူမြို့နယ်မှ ပြည်သူများ သေဆုံးသူများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများ၏ မိသားစုဝင်များ ၊ မိတ်ဆွေများနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

​(ကန့်ဘလူနယ် လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)
​(ကန့်ဘလူနယ် လေ​ကြောင်းမှ တိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)

▪️ကုလလုံခြုံရေးကောင်စီ၏ တောင်းဆိုချက်ကို စစ်ကောင်စီက ပိုပြင်းထန်သော သတ်ဖြတ်မှုဖြင့် တုံ့ပြန်ခဲ့ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထောက်ပြ

▪️စစ်ကောင်စီ၏ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးအပေါ် ခြိမ်းခြောက်နေမှုအား အမြန်အရေးယူရန် တောင်းဆို

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အာဆီယံခေါင်းဆောင်များနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ စဉ်ဆက်မပြတ် ရှုတ်ချမှုများကို မျက်ကွယ်ပြုလျက် မြန်မာပြည်သူအပေါ် အကြမ်းဖက်မှုပိုမိုဆိုးရွားစွာ ကျူးလွန်နေလျက်ရှိကြောင်း ယနေ့ ကန့်ဘလူနယ်တွင်ပြည်သူအများအပြားကို သတ်ဖြတ်မှုကျူးလွန်ခဲ့သော စစ်ကောင်စီ၏တိုက်လေယာဉ်၊ ရဟတ်ယာဉ် ပူးတွဲတိုက်ခိုက်မှုက ဖော်ပြလျက်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁၁ရက်)တွင် စစ်ကိုင်းတိုင်း ကန့်ဘလူနယ် ပဇီကြီးရွာရှိ အရပ်သားအများအပြား စုဝေးရာနေရာသို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ကျူးလွန်ခဲ့၍ အရပ်သားပြည်သူ အနည်းဆုံး ၅၃ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်ဟု ဝန်ကြီးဌာနက ဖော်ပြသည်။

သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိပြီး သတ်ဖြတ်ခံရသူအချို့၏ ရုပ်အလောင်းများမှာ အလွန်ဆိုးရွားစွာ ထိခိုက်ပျက်စီးနေပြီဖြစ်၍ ခွဲခြားရန်ပင်မဖြစ်နိုင်တော့ဟု အသိပေးသည်။

Public Service Announcement
Public Service Announcement

ယခင်တစ်ပတ် ဧပြီ ၄ရက်ကပင် အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်ခွဲခြားမှုမရှိ မတန်တဆအင်အားသုံး တိုက်ခိုက်မှုများအပေါ် ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘုံသဘောတူညီချက်ဖြင့် ချမှတ်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုများအားလုံးကို ရပ်တန့်ရန် တောင်းဆိုခဲ့ပြီးဖြစ်သည်ဟု ဝန်ကြီးဌာနက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုသည် ထိုသို့သော ဆုံးဖြတ်ချက်ကိုပင်လျှင် ပိုမိုဆိုးရွားပြင်းထန်သော သတ်ဖြတ်မှု ၊ သွေးချောင်းစီးမှုဖြင့် တုံ့ပြန်ခဲ့ပြီဖြစ်ကြောင်း၊ အာဆီယံနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအား အလျင်အမြန် အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ ပဋိညာဉ် အခမ်း(၇)ပါ အရေးယူဆောင်ရွက်မှုများကို လုံခြုံရေးကောင်စီအနေဖြင့် ချမှတ်ရမည်ဖြစ်ကြောင်း ၊ အာဆီယံခေါင်းဆောင်များအနေဖြင့်လည်း လာမည့် မေလ၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် ရာဇဝတ်သား စစ်အုပ်စုအပေါ် ထပ်ဆင့်အပြစ်ပေး အရေးယူမှုများ ချမှတ်ရန်လိုအပ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ကန့်ဘလူမြို့နယ်မှ ပြည်သူများ သေဆုံးသူများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများ၏ မိသားစုဝင်များ ၊ မိတ်ဆွေများနှင့်ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook